Chapter - 21 🍁 သုံးရာသီ ဝင်္ဂပါနယ်မြေတွင် ပိတ်မိခြင်း 🍁

7K 1K 51
                                    

Unicode
~~~~~~~

အတင်းအကြပ်ပြုမူခြင်းက ယန်လီအား ထိပ်လန့်စေပြီး မတတ်နိုင်သည့်အဆုံး၌ နှဖူးဖြင့် ပြစ်စောင့်လိုက်လေတော့သည် ။ အလွန်အားကြီးသည့် လီရှန့်ဟာ ထိုခန၌ ယန်လီအပေါ်သို့လဲကျကာ လှုပ်၍ပင်မလာတော့ခြေ …

" ဟေး … ဟေး ခများ … သတိမေ့သွားတာလား ? "

ယန်လီ မိမိနှဖူးက ထိုမျှလောက်အစွမ်းထက်တာလားဟုပင်ထင်မိလိုက်သည် … ရိုက်ချက်ကမပြင်းပေမဲ့ ထိုလူကတော့မှောက်သွားလေပြီ … ယန်လီ ထိုလူလက်ထဲမှရုန်းကန်ထလာပြီးနောက် ထိုမင်းသားအား သစ်ပင်ရင်း၌မှီထားစေလိုက်သည် … သူကိုယ်၌ကတော့ အန္တရာယ်များသည့် ထိုမင်းသားနှင့်အနည်းငယ်အကွာမှာ ငုတ်တုတ်လေးထိုင်နေမိသည် …

ယန်လီအတွေးများစွာနှင့် အဖြစ်အပျက်အား ပြန်မစဉ်းစားချင်လောက်အောင်ရှုတ်ထွေးနေသည် … ယခုရောက်ရှိနေသည့်အရပ်ကိုပင်စူးစမ်းရန်မေ့လျော့သွားသည်ထိ … အသက် ၃၀ ကျော်တဲ့ထိ ဘယ်သူတစ်ဦးတစ်ယောက်မှသူ့ရဲ့အနမ်းဦးကိုချွေခွင့်မရခဲ့ပေမဲ့ ယခုဘဝတွင်တော့ လွယ်ကူစွာပင်အချွေခံလိုက်ရ၍ ဒေါသတို့အလိပ်လိပ်ထွက်ရပြီ … ဒီကမ္ဘာတွင်လဲ ထိုသို့အပြင်ကစိုပြီးအတွင်းခြောက်နေမည့်လူမျိုးရှိမည်ဟုမထင်ထားခဲ့ဘူး … ခုတော့ အင်အားကြီးတဲ့ယောက်ျားတစ်ယောက်ရဲ့အတင်းအကြပ်အနမ်းပေးခြင်းခံလိုက်ရသည့် အပျိုစင်လေးနှင့်တူနေ၍ ယန်လီရှက်စိတ်နှင့်ဒေါသတို့အတူတကွဖြစ်တည်လာရသည် …

" Shit !! … ဒီကောင်တော့ … ငါကမင်းထက်ကြီးတယ်ကွ … ငါကယောက်ျားစစ်စစ် … ငါက … ငါက လူပျိုပဲရှိသေးအရူးရဲ့ "

ထိုမင်းသားမှာတော့လှုပ်၍ပင်မလာသလို ယန်လီစကားအားကြားမည့်ပုံလဲမပေါ်ပေ … မိသားစုအရေးကိုသာစဉ်းစားကာ မိမိအတွက်မေ့လျော့နေတဲ့ အသက် ၃၀ ကျော်ယန်လီဟာ ယခုဘဝရောက်ခါမှ ယောက်ျားလေးတစ်ယောက်ရဲ့အနမ်းကိုခံလိုက်ရသည့်ခံစားချက်က အလွန်ထူးဆန်းနေ၍ မိမိနှုတ်ခမ်းအား လက်ဖြင့်ထိကိုင်ကာ အတွေးလွန်နေမိသည်  …  ယန်လီသည် မင်းသားများနှင့်မပတ်သပ်ဖို့အကြိမ်ကြိမ်ကြိုးစားခဲ့ပေမဲ့ ရှုံ့နိမ့်သည့်အပြင် ယခု ထိုမင်းသားနှင့်အတူ သူမသိတဲ့နေရာသို့ရောက်ရှိနေခြေပြီ …

🍁 ပြောင်းလဲခြင်းကံကြမ္မာ 🍁 ( ရှောင်ယန်လီ )Where stories live. Discover now