Chapter - 12🍁 ကံကြမ္မာ၏ လှည့်စားခြင်း 🍁

7.8K 1K 8
                                    

Unicode
~~~~~~~


ကောင်းကင်ပေလော မြေပြင်ပေလော ခွဲခြား၍မရနိုင်သည့်တိုင် ပတ်ဝန်းကျင်တခွင် အဖြူ သက်သက်ဖြစ်နေသည် ။ ဒါဟာအိမ်မက်လဲမဖြစ်နိုင်ပါ ... ဘယ်လိုရောက်ရှိလာလဲဆိုတာ ယန်လီကောင်းကောင်းကြီး သိနေ၍ပင် ... ဒီနေရာက သေဆုံးသွားသည့်အချိန်က ရောက်ရှိခဲ့သည့်နေရာနှင့်တူပေမဲ့ ယခုက မြူခိုးများဖြင့်အဖြူသပ်သပ်ကြီးဖြစ်နေ၏ ... နာကျင်မှုမျိုးလဲမရှိ အနည်းငယ်မွန်းကျပ်မှုသာဖြစ်ပေါ်၍ သေဆုံးခြင်းလဲမဖြစ်နိုင် ...ထိုနေရာ၌ ခြေထောက်အောက်မှအရာသည် မြေပြင်လားဟူ၍ပင် ကွဲပြားစွာမသိရပါချေ ... ယန်လီသည် လေပေါ်၌ လမ်းရှောက်နေရသည်ဟူ၍ပင် ထင်နေမိသည် ...

ထို့နောက် ယန်လီမျက်လွှာအသာချလိုက်ကာဖြင့် ရှုတ်ထွေးလှသည့်စိတ်အာရုံအား ရှင်းလင်းစေလိုက်ပြီး ရင်ဘက်ထဲတည်ငြိမ်သွားတော့မှ မျက်လွှာဖွင့်ကာ အဖြူ သပ်သပ်ဟင်းလင်းပြင်ကြီး၌ ဦးတည်ချက်မရှိ အချိန်အတော်ကြာ လမ်းလျှောက်နေခဲ့သည် ။ ခနအကြာတွင် ဖြောင့်ဖြူးသည့် လမ်းကြောင်းလေးတစ်ခုသည် အရှေ့မှပေါ်လာလေတော့သည် ။ ထိုလမ်းပေါ် မလျှောက်လှမ်းမှီ ယန်လီခနရပ်ပြီး စဉ်းစားလိုက်သည် ။ ယခုအခြေအနေမှာ သူဘယ်အရပ်သို့ ရောက်နေသည်ပင်မသိရသည်မို့ အန္တရာယ်ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ လျှောက်လှမ်းရတော့မည် ။ ယန်လီဆုံးဖြတ်ချက်ချပြီးနောက် လမ်းမထက်သို့ ခြေချလျှောက်လှမ်းလိုက်သည် ။ အတော်ကြာသည်အထိ အဖြူ ရောင်မြူ ခိုးသို့သည် ပျောက်ကွယ်မသွားသေး ... သို့သော်လဲ ယခင်ကလောက်မထူထပ်ပေ ...

လမ်းဘေးမှ မြက်ခင်းစိမ်းစိမ်းလေးများပင်မြင်နေရ၏ ။ ဘေးပတ်ဝန်းကျင်သို့ အာရုံရောက်နေချိန်တွင် ယန်လီအဆောက်အဦးတစ်ခုရှေ့သို့ရောက်နှင့်နေပြီ ... အနည်းငယ်ဟောင်းနွမ်းနေပြီဖြစ်တဲ့အိမ်ဆောင်တော်တစ်ခုဟာ ထိုကဲ့သို့ ထူးဆန်းလှသည့်နေရာ၌ တစ်ဦးတည်းရှိနေသည်တည့် ... အိမ်တော်အရှေ့၌ " ရှောင်ဟွှာနန်းမြိုင် " ဆိုသည့်စာလုံးကြီးထွင်းထုထား၍ ယခုနေရာက ရှောင်ဂိုဏ်နှင့်သက်ဆိုင်သော ​အဆောင်တော်မှန်း ယန်လီသဘောပေါက်သွားသည် ...

🍁 ပြောင်းလဲခြင်းကံကြမ္မာ 🍁 ( ရှောင်ယန်လီ )Where stories live. Discover now