Chapter - 20 🍁 ပထမဆုံး အနမ်းဦးလေး 🍁

7.1K 1K 60
                                    

Unicode
~~~~~~~

" မင်း … မင်းသား ၂ "

နက်မှောင်သော ဆံနွယ်သို့တွင် ရေစက်လေးများတွဲခိုလျှက် ဇင်ယော်တောင် မျက်ခုံးနှစ်ဖက်ဟာ ညီမျှချင်းပမာ ဖြောင့်တန်းနေ၏ … ခန္တာကိုယ်၌ ထူထည်းသည့် အနက်ရောင်ဝတ်ရုံသည် ပုံစံမပျက် တည်ရှိနေပြီး ခန့်ညားထည်ဝါလွန်းလှသည် ။  ကောင်းကင်ထက်က လရောင် ကြယ်လေးများ၏ အလင်းရောင်သည် ရေပြင်၌ ထင်ဟပ်နေပြီး ထိုလူသား၏ တောက်ပသည့်အသွင်နှင့်  ပေါင်းစပ်လိုက်ပါလျှင် ညနတ်သားတစ်ပါးအလား ထင်ရစေလိမ့်မည် ။

ယန်လီကိုယ်လေးက ခိုက်ခိုက်တုန်နေပြီး အဝတ်မပါတဲ့ကိုယ်အား လက်ဖြင့်ဖုံးကွယ်ကာ အံ့ဩထိပ်လန့်မှုအပြည့်ဖြင့်စိုက်ကြည့်နေမိသည် … ၂၁ ရာစုကရောက်ရှိလာခြင်းဖြစ်၍ ယခုလိုပြုန်းစားကြီးပေါ်ထွက်လာခြင်းမျိုးနှင့် မရင်းနီး၍ မရှောင်ဖယ်နိုင်သလို ခန္ဓာကိုယ်အားလဲမထိန်းညှိနိုင်၍ တစ်ကိုယ်လုံးက လီရှန့်ရင်ခွင်ထဲသို့ရောက်ရှိနေလေသည် … လီရှန့်သည် အစကနဦး၌ ဒေါသထွက်နေသည့်နယ် မျက်နှာတခွင် မဲမှောင်လျှက်ဖြင့် အရှေ့မှလူသားအား ကြည့်နေပြီးနောက် တဖြေးဖြေးဒေါသများ ပြေရော့သွားလေတော့သည် ။

" မင်းပဲလား  "

ယန်လီသည် ထိုလူ၏ မဲမှောင်ပြီး ဒေါသထွက်တော့မည့် မျက်နှာအား မြင်ရပြီးနောက် ကျောက်ရုပ်ပမာ လှုတ်ရှားရန်ပေ မဝံ့တော့ချေ … သူ၏ရင်ခွင်ထဲ၌ ကြက်သေသေနေမိသည် ။ ခုတော့ဖြင့် လီရှန့် သူပွေ့ချီထားမိတဲ့လူသားအား လွှတ်မချမိပဲ ပြောင်ရှင်းပြီး ဖွေးဥနေသည့်ကိုယ်အား မျက်တောင်မခပ်ကြည့်နေမိသည် … သူ့တစ်သက် အဝတ်မပါပဲရေချိုးတဲ့သူ ခုမှတွေ့ဖူးခြင်းပင် … ဇာတ်မြင့်သခင်မျိုးနွယ်တွေက အိမ်ထောင်မကျသေးသူများသည် သီးသန့်အဆောင်မှလွဲ၍ ကိုယ်ပေါ်၌အတွင်းဝတ်တစ်ထည်မချန်ပဲရေချိုးလေ့မရှိပေ … အဝတ်ဗလာနဲ့နေခြင်းက ရိုင်းပျသည်ဟုမြင်နိုင်သည်  … ဒါဟာမိမိကိုယ်ကို ကာကွယ်သည့် ဓလေ့တစ်ခုဟုဆိုရမည် … ယန်လီကိုယ်၌ အဝတ်မဲ့နေသော်လဲ ရေဆိုနေတဲ့ဆံနွယ်တွေက ပခုံးပေါ်ကနေ ရင်ဘက်ပေါ်ကျနေခြင်းကြောင့် နူးညံ့သည့်လက်မောင်းသားနှင့် ကြွက်သားမရှိတဲ့ဝမ်းဗိုက်ကိုသာတွေ့မြင်နိုင်သည် … ထိုခန၌ လီရှန့် ထိုလူသားကမိမိကိုယ်ကိုမကာကွယ်နိုင်လောက်အောင်ပင်အားနည်းလွန်းသည်ဟု မှတ်ယူလိုက်သည် …

🍁 ပြောင်းလဲခြင်းကံကြမ္မာ 🍁 ( ရှောင်ယန်လီ )Where stories live. Discover now