Chapter - 10 🍁 ငါ့လက်ထဲကမင်းက ငါ့အပိုင်ပဲဖြစ်ရမယ် 🍁

8.7K 1.1K 138
                                    

Unicode
~~~~~~~

နန်းတော်ကြီးမှ ကျင်းရှန့်မြို့အားသွားရန် လမ်း ၂ သွယ်ရှိ၏ ။ တစ်လမ်းမှ နန်းတော်မုဒ်ဦးပေါက်မှ မြို့ထဲဝင်သည့်လမ်းဖြစ်ပြီး နောက်တစ်လမ်းမှာ ကျင်းကျောက်ပြည်ကြီးအား ဝန်းရံထားသည့် တောင်စွယ်တောင်တန်းများ၏အခြေမှ သွားရသည့် တောလမ်ဖြစ်၏ ။

မနက်ခင်း၏ နေရောင်ခြည်များ လှပစွာဖြာထွက်နေသော်လည်း နန်းတော်ကြီးတစ်ခုလုံးကို ယောက်ယက်ခက်စေမည့် သတင်းဆိုးတစ်ခု ရောက်ရှိလာခဲ့သည် ။ မနေ့ည မွန်းလွဲချိန်၌ ကျင်းကျောက်ပြည်ရှိ တောင်ခြေတွင် တည်ရှိသည့်ရွာငယ်လေးတွင် အနက်ရောင်ဝတ်ရုံနှင့်မိစ္ဆာတချို့ရောက်လာကြပြီး တိုက်ခိုက်ခဲ့ကြသည် ။ အသက်ရှင်ကျန်ရစ်သူမှာ ၃ ပုံပုံ ၂ ပုံမျှကျန်ရှိသော်လဲ ထိုရှင်ကျန်သူတစ်ဝက်ခန့်မှာ ဆိုးဝါးသည့် အဆိပ်တမျိုးမိနေပြီး အရေးပေါ်ဖြစ်နေကြသည် ။

ထိုသည်က ဖြစ်ရိုးတစ်ခုပင်ဖြစ်၏ ။ အနက်ရောင်မိစ္ဆာများသည် ကျင်းကျောက်ပြည်ကြီးအား လူဦးရေနည်းသွားစေရန် တမင်ရည်ရွယ်၍ တိုက်ခိုက်နေခြင်းဖြစ်၏ ။ သာမန်လူများအား သတ်ဖြတ်ခြင်းသည် သူတို့အတွက်အသုံးမဝင်သော်လဲ ထိုအခင်းဖြစ်သည့်နေရာသို့ လာကယ်မည့်မင်းသားထဲမှ အိမ်ရှေ့စံအား သူတို့ပြစ်မှတ်ထားကြသည် ။ ဘုရင်ကြီးက ထိုအချေအနေကို နားလည်သည် ။ ထို့ကြောင့် မင်းသားများ မဖြစ်မနေလွှတ်ရမည်ဆိုလျှင် အိမ်ရှေ့စံအစား လီရှန့်ကိုသာ အစားထိုးသွားစေလိမ့်မည် ။

လီရှန့်နှင် ဝမ်လီ မင်းသား ၂ ယောက်သာမန်ဝတ်ဆုံများ ဝတ်ဆင်ထားပြီး နောက်လိုက် ရဲမတ်များဖြင့် ဘုရင်ကြီး၏ အမိန့်အားနာခံပြီးနောက် အခင်းဖြစ်သည့်နေရာသို့ ချေဆန့်ထွက်ခွာရန်ပြင်ကြသည် ။ နာမကျန်းသူများအား ကုသပေးရန် အဆင့် ၄ ဆေးဆရာ ငါးယောက်လဲ ခေါ်ဆောင်လာခဲ့ကြသည် ။

" အကိုတော်ရှန့် အားလုံးပြင်ဆင်ပြီးသွားပြီ ... ကျွန်တော် မြင်းသွားယူလိုက်မယ် "

ဝမ်လီသည် သွက်လပ်စွာပြင်ဆင်နေ၏ ။ အနက်ရောင်ဝတ်ရုံရှည်အား ဝတ်ဆင်ထားသည့် လီရှန့်သည် တည်ငြိမ်ပြီး အေးစက်သည့် အမူအရာဖြင့် အခန်းတွင်းမှထွက်လာပြီး မြင်းသွားယူရန် လက်ဝေ့ရမ်းပြလိုက်သည် ။ ဝတ်ရုံရှည်နှင်ဆံနွယ်တို့က တစ်သားထည်းကျနေပြီး အမြဲဆံနွယ်တွေကို ဖြစ်ကလဲစမ်းထားတတ်တဲ့အကိုကြီးကိုကြည့်ပြီး ဝမ်လီခေါင်းရမ်းမိသည် ...

🍁 ပြောင်းလဲခြင်းကံကြမ္မာ 🍁 ( ရှောင်ယန်လီ )Where stories live. Discover now