Chapter - 25🍁 မြွေအသူရာလှိုင်ဂူမှ လွတ်မြောက်ခြင်း 🍁

6K 997 53
                                    

Unicode
~~~~~~~~

ယန်လီနှင့် လီရှန့်သည် တွင်းနက်အတွင်းသို့ လွယ်ကူစွာ ဝင်ရောက်နိုင်ခဲ့သည် ... တွင်း၏အောက်ချေသည် ထင်ထားသလို ကျဉ်းမြောင်းမနေပဲ မြေအောက်ထပ်ပမာ အလွှာတစ်ခုဖြစ်နေပြီး လမ်းကြောင်းများလဲရှိနေသည် ... လေဝင်လေထွက်ရှိနေ၍ အသက်ရှုမကြပ်သော်လဲ လေသည်မည်သည့်အရပ်မှတိုက်နေသနည်း မှန်းစ၍မရနိုင်ပေ ... အကြောင်းက ပတ်ဝန်းကြင်တစ်ခုလုံး အမှောင်ဖုံးနေခြင်းကြောင့်ပင် ...

ထိုအခါ လီရှန့်သည် ကြိုးနီကိုအသုံးချကာ အလင်းရောင်ရစေရန် မီးထွန်းညှိလိုက်သည် ... မှော်ကြိုးနီရဲ့အလင်းရောင်ကမှော်ဆန်ပြီး ပတ်ဝန်းကျင်အား အနီရောင်အဖြစ်ပြောင်းသွားကာ ရှင်းလင်စွာမြင်နိုင်လာသည် ... ပြီးနောက် ပတ်ဝန်းကျင်တစ်ခွင် အကဲခတ်မိချိန်တွင် ဘေးပတ်ပတ်လည်၌ ကျောက်သားနံရံများသာရှိနေပြီး မူမမှန်သည့်အရာဟူ၍ မတွေ့ရပေ ...

လီရှန့်သည် တည်ငြိမ်စွာဖြင့် ကျောက်နံရံအား ရှုကြည့်နေ၏ ... ထိုအခါ ယန်လီသည် အနားသို့သွားကာမေးလိုက်သည် ...

" တစ်ခုခု မှားယွင်းနေလို့လား "

လီရှန့်သည် ကျောက်နံရံမှ အကြည့်ခွာလိုက်ပြီး ...

" အင်း ... ဂူအောက်ခြေမှ ဒီလိုနံရံရှိနေတာက ထူးဆန်းတယ် "

" နံရံက အတူတူပဲမဟုတ်လား ... ဘာကွာလို့လဲ "

" အားလုံးကတူတယ်ထင်ရပေမဲ့ မြွေအများစုက ဒီလိုပြောင်လျှောဖြစ်နေတဲ့ နံရံတွေပေါ်မတက်နိုင်ဘူး ... ဒါကသူတို့နယ်မြေမို့ ဒီနံရံကရှိမနေသင့်ဘူး "

မြွေတွေသွားလာရခက်ခဲအောင်ထားစီးထားပုံပင် ... ဒါကြောင့် မြွေတစ်ကောင်မှမမြင်မိတာ မထူးဆန်းပေ ... ဒါကကောင်းတဲ့အရာပဲမဟုတ်လား ... အဓိကကမြွေရှာဖို့မှမဟုတ်တာ ထွက်ပေါက်ကိုရှာတွေ့ဖို့ပဲလေ ... မြွေတွေနဲ့မတွေ့လေကောင်းလေ ...

ထိုစဉ် လီရှန့်သည် နံရံမှအကြည့်ခွာလိုက်ပြီး အရှေ့မှ ဦးဆောင်ကာ လျှောက်လှမ်းရင်း ဆိုသည် ...

🍁 ပြောင်းလဲခြင်းကံကြမ္မာ 🍁 ( ရှောင်ယန်လီ )Where stories live. Discover now