Chapter - 16 🍁 မင်းကိုယ်တိုင် ငါ့အတွင်းဝတ်ကို လိုလိုလားလားနဲ့ ချွတ်လာစေရမယ် 🍁

8.1K 1.1K 44
                                    

Unicode
~~~~~~~

လီရှန့်၏ဟိန်းဟောက်မှုကြောင့် ဝမ်လီ ထိုနေရာတွင် ဆက်မနေတော့ပဲ အောင်မြင်မှုအထိန်းအမှတ်ပွဲသဘင် ကျင်းပရာ ကွင်းပြင်ရှိရာသို့ ထွက်သွားလေသည် ။ လီရှန့်နှင့် ယန်လီသည်လဲ ခနအကြာမှာ ထိုကွင်းပြင်သို့ ထွက်လာခဲ့သည် ။ အဆောင်တော်များကြား ဆေးဆောင်ဘေးနာက လမ်းကနေဖြတ်လျှောက်လာခဲ့ခြင်းဖြစ်ပြီး ယခုဦးတည်နေသည်က နန်းတော်ကြီး၏ အရှေ့ရပ်ဝန်းတည့်တည့်ပင်ဖြစ်သည် ။

နန်းတော်ကြီး၏ အနောက်ပိုင်းတွင် အထူးဆောင်များဖြစ်သည့် မင်းသားများ မိဘုရားများနေထိုင်ရာ အဆောင်တော်များတည်ရှိပြီး မည်သူမှဝင်ခွင့်မရှိချေ ။ အရှေ့ပိုင်းတွင်တော့ လေ့ကျင့်ကွင်းများ စည်းဝေးခန်းမဆောင်များဖြင့် လူသူမပြတ် စည်ကားနေသည် ။ နန်းတော်ကြီး၏ တောင်ပိုင်းတွင်တော့ ဘုရင်ကြီး၏ အဆောင်တော်နှင့်အတူ ဆေးဆောင်နှင့် အနောက်တွင် တောင်တန်းကြီးက ကာစီးထားလေသည် ။ နန်းတော်ကြီး၏ မြောက်ပိုင်းတွင်တော့ မင်းမှုထန်းများအလုပ်လုပ်ရသည့်စားတော်ဆောင် အထိန်းတော်များနှင့် အပျိုတော်ဆောင်များရှိကာ မြို့တော်သို့သွားရာ မုဒ်ဝတည်ရှိနေသည် ။

ယန်လီ နန်းတော်ကြီးအတွင်း ​လျှောက်လည်စဉ်အခါက မြောက်ဘက်ပိုင်းနဲ့ အနောက်ပိုင်းကို အစုံရောက်ဖူးခဲ့သော်လဲ ယခုသွားနေသည့် လေ့ကျင့်ကွင်းရှိရာ အရှေ့ပိုင်းကို မရောက်ဖူးသေးချေ … တောင်ဘက်ပိုင်းကတော့ ချို့ယွင်းချက်တစ်ခုပေါ့ … ဘုရင်ကြီးရဲ့အဆောင်တော် တည်ရှိနေတာကြောင့် မင်းသားများနှင့် အတွင်းဝန်များကလွဲ၍ သွားခွင့်မရှိချေ …

ခန်းနားထယ်ဝါလှသည့် ခန်းမဆောင်များ အားဖြတ်ရှောက်လာရင်း စားတော်ပွဲတည်ရာအဆောင်တစ်ခုတွင် တူညီဝတ်ဆုံများဖြင့် စားတော်ကဲများသည် စားသောက်ပွဲအတွက် လက်မလည်အောင်ပြင်ဆင်နေရသည် ။ အငွှေ့တထောင်းထောင်းနှင့် တည်ခင်းနေပုံက မနက်စာမစားရသေးသူ ယန်လီအတွက်တော့ ဝမ်းတော်က ငြိမ်၍မနေနိုင်တော့ပြီ … စာလောင်နေသော်လဲ သိက္ခာနဲ့ထိန်း၍ လီရှန့်အနောက်ကနေ အသာလေး လိုက်လာခဲ့သည် ။ ပွဲတော်ကျင်းပရာ ကွင်းပြင်ကြီးထဲ၌ လူအမြောက်အများသည် သူ့နေရာနှင့်သူ စီရီစွာ ထိုင်နေကြသည် ။ ဂိုဏ်တစ်ဂိုဏ်၏ ဂုဏ်ဆောင်ဖြစ်သော တူညီဝတ်ဆုံများကို ဝတ်ဆင်ထားကြသည် ။

🍁 ပြောင်းလဲခြင်းကံကြမ္မာ 🍁 ( ရှောင်ယန်လီ )Where stories live. Discover now