Chapter - 14 🍁 ဒါက ဘယ်လိုအပြစ်ပေးနည်းလဲ 🍁

7.4K 1K 30
                                    

Unicode
~~~~~~~

" မင်းပဲလား ... ယန်လီ "

နီးကပ်လွန်း၍ ထိုလူရဲ့အသက်ရှူသံများကအစကြားနေရသည် ... ရှောင်ယန်လီဟာ ထိုသို့သော အပြုအမူအား မနှစ်သက်ပေ ... အရင်ဘဝက စွဲမြဲပါလာသည့် အကျင့်တစ်ခုက ထိုသို့ပြုမူလျှင် ဒေါသထွက်ကာ ပြန်၍ ခုခံမိခြင်ပင်ဖြစ်သည် ။ ယန်လီဟာ သူ့နှုတ်ခမ်းအပေါ် ပိတ်ခံထားရသည့် လက်အား သွားများဖြင့် ကိုက်လိုက်သည် ။ ထိုသူက နာကျင်သွားပုံမပြသော်လဲ ယန်လီစိတ်ဆိုးသွားမှန်း သိသည်ထင်၏ လက်အားဖယ်ပေးလိုက်သည် ။

ဒါကိုအခွင့်ကောင်းယူပြီး ယန်လီဟာ ခါးထပ်၌ ဖက်ထားသည့်လက်ကို ဆွဲလိမ်လိုက်ပြန်သည် ။ သို့သော်လဲ ထိုကျောက်တုံးလူသားမှာ နည်းနည်းမျှပင် မလှုပ်သည့်အပြင် ယန်လီလက်အား ဆွဲပြီး ပြန်လှည့်လိုက်သောကြောင့် မြေပြင်ပေါ်သို့ ညှာသာမှုကင်းမဲ့စွာ လဲကြသွားလေသည် ။

" အာ့ ... ခများကဘယ်သူလဲ "

ထိုလူသည် မြေပြင်ပေါ်၌ နာကျင်နေသည့် ယန်လီအား ထူမပေးမည့်ပုံမပေါ်ပေ ... လက်အားနောက်ပြစ်ထားလျှက် ငြိမ်သက်စွာ ရပ်နေ၏ ။ မှောင်မိုက်နေသည့် အခန်းထဲတွင် လေအေးများတိုက်ခက်နေပြီး တစ်ယောက်ကို တစ်ယောက် ငြိမ်သက်စွာဖြင့် စိုက်ကြည့်နေကြသည် ။ သို့သော်လဲ မျက်နှာကိုတော့မြင်မရပေ ...

" ဘယ်အချိန်ထိ အောက်မှာ ထိုင်နေမှာလဲ "

အေးစက်သည် လေထုအား ထိုးခွင်းလာသည့် ထိုအသံအားယန်လီ ကောင်းကောင်းမှတ်မိနေသည် ။ ယန်လီဟာ မြေပြင်ပေါ်မှ အမြန်ထလိုက်ပြီး ထိုလူ၏ မျက်နှာအား စူးရဲစွာ ကြည့်မိလိုက်သည် ။ ထိုစဉ် အခန်ထဲရှိ ပွင့်နေသည့် ပြတင်းပေါက်မှတဆင့် တိမ်များဖုံးကွယ်နေသည့် လမင်ကြီး ထွက်ပေါ်လာပြီး အလင်ရောင်များအခန်းတွင်းသို့ ဖြာကျလာလေတော့သည် ... ထိုအလင်းရောင်ကြောင့် အမှောင်ထဲရှိ ထိုလူသား၏ မျက်နှာသည် ဝင်းပစွာ ပေါ်လာချိန်တွင် ယန်လီအနောက်သို့ ချေနှစ်လှမ်းမျှဆုတ်လိုက်ပြီး ခန္ဓာကိုယ်တစ်ခုလုံး ခဲတောင့်သွားရသည် ။

ထိုသူက ......

" မင်းသား ၂ "

ကျင်းလီရှန့်ပင်ဖြစ်သည် ။ လီရှန့် ယန်လီရဲ့အံ့ဩစွံ့အနေတဲ့ပုံကြောင့် အနည်းငယ်မျှကြောင်အမ်းသွားရသည် ... ပိုဆိုးတာက သူ့အားအမြဲမလေးမစားဆက်ဆံတတ်တဲ့ယန်လီက မင်းသား ၂ လို့ခေါ်လိုက်ခြင်းကြောင့်ပင် ... ပြီးတော့ ကြောက်နေတဲ့ပုံလေးကအစ တစ်ခြားတစ်ယောက်ပမာပင် ... လုံးဝ ကြောက်လန့်တုန်လှုပ်သွားတဲ့ယန်လီတစ်ယောက်ကတော့ သူ့အရှေ့ က မျက်နှာခပ်ချောချောကို စိုက်ကြည့်နေမိသည် ။

🍁 ပြောင်းလဲခြင်းကံကြမ္မာ 🍁 ( ရှောင်ယန်လီ )Where stories live. Discover now