1⃣(Uni-Zawgyi)

9.1K 727 160
                                    

" Doh Kyung Soo!!!!! "

ပြဲလန်​လွန်းတဲ့​အော်​သံကြီးက အိမ်​တစ်​ခုလုံး​တောင်​တုန်​ခါသွားသ​ယောင်

Kyung Soo ​လေး​တောင်​ ကုတင်​​ပေါ်က ဖုတ်​ခနဲပြုတ်​ကျသည်​။

မှောက်​ယက်​ကြီးပြုတ်​ကျတာ နဖူး​တောင်​ဘုထွက်​သွားပြီလားမသိ အီးဟီးးးး

" Doh Kyung Soo!!! "

အခန်းတံခါးကိုဝုန်းခနဲဆွဲဖွင့်​ရင်း ဝင်​ချလာတဲ့ ​မေ​မေ​ကြောင့်​ Kyung Soo လည်းဝုန်းခနဲထပစ်​ရင်း

" ​မေ. . . ဘာလို့အသံပြဲကြီးနဲ့ လန့်​​အောင်​လုပ်​ရတာလည်း ဒီမှာ ဘုထွက်​သွားပြီ သားကိုကို က သားကိုပြန်​မကြိုက်​ရင်​ ​မေ့ ​ကြောင့်​ပဲ အက်​ကျရင်​ အိမ်​​ပေါ်ကဆင်းပစ်​မှာ အီးဟီးးးး "

ဒေါင်​!!!

"အားးးး! ! ​မေ့!!!! "

လက်​ထဲက ​ယောင်းမကြီးနဲ့​ခေါက်​ချပစ်​လိုက်​တာ ကြယ်​​တွေလ​တွေ ကိုကို့ ကိုပါမြင်​ကုန်​ပြီ

အီးဟီးးးး
Kyung Soo ​လေး ကိုကိုနဲ့ ရည်းစားမြန်​မြန်​ဖြစ်​မှ မဟုတ်​ရင်​ ဒီဒုက္ခ​တွေအမြဲခံ​နေရမှာ

" ဘာလို့​ခေါက်​တာလည်းလို့ အီးဟီးးးး ကိုကို​ရေ!!! Kyung Soo ​လေးကို ​မေက အနိုင့်​ကျင့်​​နေတယ်​လို့ အီးဟီးးးး "

ဒေါင်​!!!!

နောက်​တစ်​ချက်​!!!

အားရပါးရ ​အာပြဲကြီးနဲ့​အော်​ငို​နေတဲ့သား​လေးကို ​ချော့မယ်​မကြံဘူး !!

အားကြီးနဲ့နှိပ်​စက်​​နေတယ်​လို့!!

ကိုကို​ရေ!!!!

" တိတ်​စမ်း! က​လေးလားနင်​က ထ​နော်​ခုချက်​ချင်း မဟုတ်​ရင်​ နင့်​အ​ဖေကိုငါဖုန်းဆက်​လိုက်​ရမလား "

အ​ဖေ ဆိုတဲ့အသံကိုကြား​တော့ မျက်​ရည်​ဘူးသီးလုံး​လောက်​က အလယ်​မှာတင်​တစ်​သွားသည်​။

Kyung Soo ​လေးက ​မေ​မေ့ကိုသာမ​ကြောက်​တာ ​ဖေ​ဖေ့ကို​တော့ ဖင်​တုန်​​အောင်​​ကြောက်​ပါသည်​။

" ဟင့်​! က​လေးကို အနိုင်​ကျင့်​တယ်​ ! ကိုကိုနဲ့တိုင်​မယ်​ "

SUGAR KOKOWhere stories live. Discover now