" ရှက်လိုက်တာ အားးးး"
ခေါင်းအုံးကိုထုလိုက် ကုတင်ပေါ်ကို 360° ဖြစ်အောင် ပက်လက်ကြီးလှည့်လိုက်
မတ်တပ်ရပ်ပြီး ခုန်လိုက်နဲ့ Doh Kyung Soo တစ်ယောက် ကမ္ဘာပျက်နေပါသည်
ရှက်လို့ပါတဲ့
သူရန်တွေ့သမျှကို ကိုကို့ ကို ဟို အစစ်မက ပြန်ပြောလိုက်လို့ ရှက်ပါသတဲ့ဖြစ်ရလေလေ
အရင်ကဖြင့် ကိုကို ကိုကို နဲ့ ဘေးနားကတစ်ကောက်ကောက်လိုက် ချစ်စကားလိုက်ပြောတဲ့ Doh Kyung Soo လေးမဟုတ်တဲ့အတိုင်း ပါပဲအမြင်တွေကပ်လိုက်ပါဘိ
" အီးဟီးးး ကိုကိုတော့ ငါ့ကိုဆူတော့မှာလားမသိဘူး "
" ဟို အစစ်မက ဘာလို့ ပြန်တိုင်ရတာလည်းလို့ !! အီးဟီးးးးး "
" Doh Kyung Soo!!! "
အိစ်!!!
တချက်ကလေးနဲ့ ဇာတ်ပုကာ Kyung Soo လေး အသံတိတ်သွားသည် အထိ မေမေ့ အော်သံက စွမ်းလှပါသည်
" နင် ပါးစပ်ပိတ်ပြီး ငြိမ်ငြိမ်လေးနေမလား ငါတက်လာပြီးထုရမလား ပြော! "
အဟင့် !
ပါးစပ်ကို လက်ဖဝါးလေးနဲ့ အသာပိတ်ကာ ငိုမဲ့မဲ့လေးဖြစ်သွားရသည်
မေမေက Kyung Soo လေးကို ဆို ဘယ်တော့မှအကောင်းမပြောဘူး
ရှက်ရှက်နဲ့သာ ထွက်ပြေးလာရတယ်
ဟို အစစ်မက ကိုကို့ အိမ်ကို ဘာကိစ္စရောက်လာသလည်းဆိုတာ မမေးခဲ့ရဘူးအခုသွားမေးလိုက်ရင်ကောင်းမလား
ဟင့် !
ဘယ်မျက်နှာနဲ့ ကိုကို့ အိမ်ကို ထပ်သွားရမလည်းမနက်ဖြန် ကျောင်းသွားရင်တောင် ကိုကိုနဲ့ တွေ့မှာကြောက်လာပြီ
ရှက်လည်းရှက်တယ်
အကြီးကို ပြောရမလားဆိုပြီး မျက်မှောင်ကြီးကုတ်ပြီးဆူမှာလည်းကြောက်တယ်Kyung Soo လေး ဘဝက လည်း သနားဖို့ကောင်းလိုက်ပါဘိ
မတော်ရသေးတဲ့ ယောက်ကျားကို အခုထဲက ကြောက်နေရတယ်လို့
အယ် . . .ယောက်ကျားတော်ပြီးသွားရင်တော့ ကိုကို က Kyung Soo လေးကို ဖင်တုန် အောင်ကြောက် မှားလို့ တစ်ကိုယ်လုံးတုန်နေအောင် ကြောက်ရမည်