3(Uni-Zawgyi)

4.3K 704 153
                                    

" အားးးးးးး "

"Doh Kyung Soo ရေ ငါဘာမှမလုပ်ရသေးဘူးလေ "

ဟင့်!
သိပါတယ်
ဒါပေမယ့် Kyung Soo လေးက ကြောက်တယ်လေ

ကျန်တဲ့အချိန်ဆို Kyung Soo လေးက လွယ်လွယ်နဲ့မကြောက်တတ်ပေမယ့် ကိုကို့ ရှေ့ရောက်ရင်တော့ပုရွတ်ဆိတ်လမ်းဖြတ်လျှောက်တာမြင်လည်း ကြောက်တတ်ပါသည်

"ကိုကို့  ! "

ဘေးမှာရပ်နေတဲ့ ကိုကို့ ကို မျက်နှာငယ်လေးနဲ့ မော့ကြည့်တော့ ကိုကိုက မျက်နှာလွှဲကာ သက်ပြင်းချသည်

Kyung Soo လေးရဲ့ လက်ကလေးကို ဆုပ်ကိုင်လာတဲ့ ကိုကို့ရဲ့ လက်ဖဝါးကျယ်ကြီး

" ဟိဟိ "

" အဟင်းဟင်း Doh Kyung Soo နော် ! "

ကျောင်းဆေးခန်းက မမ Yena က မကျေနပ်သလို မျက်စောင်းကြီးထိုးသည်

သိသားပဲ
Kyung Soo လေးနဲ့ ကိုကို့ ကိုကြည့်ပြီး အားကျနေတာပဲနေမှာပေါ့

ချိမတို့လည်း အားကျနေကျပြီမလား
အားကျနေလည်း သနားရုံမှလွဲမတတါနိုင်ပါဘူး
တစ်သက်လုံး အက်ဖ်အေဖြစ်ကြမယ့် လူတွေဆိုတော့လည်း

" ဆေးလေးပဲလိမ်းပေးမှာကို ပိုကိုပိုတယ် "

"ဒါပိုတာမဟုတ်ဘူး မမရဲ့ ချစ်တာလို့ခေါ်တယ် မမလိုနှစ်တထောင် အက်ဖ်အေ တွေနားမလည်ပါဘူး ဟုတ်တယ်နော် ကိုကို "

ကိုကို့ ကို  ကိုင်ထားတဲ့လက်ကလေးကို ဆွဲရမ်းပြီးပြောတော့ ကိုကိုက စူးခနဲ ငုံ့ကြည့်လာတာကြောင့် Kyung Soo လေးအနည်းငယ်တွန့်သွားသည်

"အပိုတွေမပြောနဲ့! Noona သူ့ကို မြန်မြန်ဆေးလိမ်းပေးလိုက်ပါ "

ဟင့်!
ကိုကို က တကယ်ကိုမကောင်းဘူး
သူများရှေ့မှာ ရှက်အောင်လုပ်တယ်

Kyung Soo လေးမှာတော့ ကိုကို့ ကိုချစ်လိုက်ရတာ အခုလိုဖြစ်တဲ့အထိ

ကိုကိုက နည်းနည်းမှစာနာစိတ်မရှိဘူး

" Jongin ရယ်နင်ကလည်း ကလေးကို "

မျက်နှာလေးငယ်သွားတဲ့ Kyung Soo က်ုကြည့်ပြီး မမYena  ကတောင် သနားသွားတယ်

SUGAR KOKOWhere stories live. Discover now