" Doh Kyung Soo!!!!! "
ပြဲလန်လွန်းတဲ့အော်သံကြီးက အိမ်တစ်ခုလုံးတောင်တုန်ခါသွားသယောင်
Kyung Soo လေးတောင် ကုတင်ပေါ်က ဖုတ်ခနဲပြုတ်ကျသည်။
မှောက်ယက်ကြီးပြုတ်ကျတာ နဖူးတောင်ဘုထွက်သွားပြီလားမသိ အီးဟီးးးး
" Doh Kyung Soo!!! "
အခန်းတံခါးကိုဝုန်းခနဲဆွဲဖွင့်ရင်း ဝင်ချလာတဲ့ မေမေကြောင့် Kyung Soo လည်းဝုန်းခနဲထပစ်ရင်း
" မေ. . . ဘာလို့အသံပြဲကြီးနဲ့ လန့်အောင်လုပ်ရတာလည်း ဒီမှာ ဘုထွက်သွားပြီ သားကိုကို က သားကိုပြန်မကြိုက်ရင် မေ့ ကြောင့်ပဲ အက်ကျရင် အိမ်ပေါ်ကဆင်းပစ်မှာ အီးဟီးးးး "
ဒေါင်!!!
"အားးးး! ! မေ့!!!! "
လက်ထဲက ယောင်းမကြီးနဲ့ခေါက်ချပစ်လိုက်တာ ကြယ်တွေလတွေ ကိုကို့ ကိုပါမြင်ကုန်ပြီ
အီးဟီးးးး
Kyung Soo လေး ကိုကိုနဲ့ ရည်းစားမြန်မြန်ဖြစ်မှ မဟုတ်ရင် ဒီဒုက္ခတွေအမြဲခံနေရမှာ" ဘာလို့ခေါက်တာလည်းလို့ အီးဟီးးးး ကိုကိုရေ!!! Kyung Soo လေးကို မေက အနိုင့်ကျင့်နေတယ်လို့ အီးဟီးးးး "
ဒေါင်!!!!
နောက်တစ်ချက်!!!
အားရပါးရ အာပြဲကြီးနဲ့အော်ငိုနေတဲ့သားလေးကို ချော့မယ်မကြံဘူး !!
အားကြီးနဲ့နှိပ်စက်နေတယ်လို့!!
ကိုကိုရေ!!!!
" တိတ်စမ်း! ကလေးလားနင်က ထနော်ခုချက်ချင်း မဟုတ်ရင် နင့်အဖေကိုငါဖုန်းဆက်လိုက်ရမလား "
အဖေ ဆိုတဲ့အသံကိုကြားတော့ မျက်ရည်ဘူးသီးလုံးလောက်က အလယ်မှာတင်တစ်သွားသည်။
Kyung Soo လေးက မေမေ့ကိုသာမကြောက်တာ ဖေဖေ့ကိုတော့ ဖင်တုန်အောင်ကြောက်ပါသည်။
" ဟင့်! ကလေးကို အနိုင်ကျင့်တယ် ! ကိုကိုနဲ့တိုင်မယ် "