12(Z+U)

2.1K 321 57
                                    

ကိုကို့ ကို စိတ်ပူအောင်လုပ်ပြီးတဲ့နေ့ကစလို့ ဂျောင်ဆူး ကို ကိုကိုက မျက်စိအောက်က အပျောက်မခံပေ

ကျောင်းသွားရင်လည်း လိုက်ပို့ပြီး ကျောင်းဆင်းရင်လည်း ဂျောင်ဆူးတို့ကျောင်းရှေ့မှာ အစောကြီးလာလာ စောင့်ကြိုနေတတ်တယ်

ကိုကို့ အိမ်မှာဆိုလည်း ဂျောင်ဆူး မအိပ်သေးသရွေ့ ကိုကိုက ဂျောင်ဆူးနဲ့အတူရှိနေပေးတယ်

အချိန်ပြည့် ဂျောင်ဆူးနား ရှိနေလို့ ပျော်ပေမယ့်လည်း ဂျောင်ဆူးအတွက်ကတော့ အထူးအဆန်းဖြစ်နေတော့တာပါပဲ

ဟော
အခုလည်းကြည့်
အိမ်မှာ အန်တီမေမေယောက္ခမကြီး မရှိလို့ ဂျောင်ဆူး တစ်ယောက်ထဲ ကျန်ခဲ့ရတာ

ဂျောင်ဆူးတို့ကျောင်းကပိတ်ပေမယ့် ကိုကို ကတော့ ကျောင်းသွားရတယ်

အက်ဒါကို ဂျောင်ဆူးတစ်ယောက်ထဲဖြစ်နေလို့ဆိုပြီး ကျောင်းမသွားဘူးတဲ့လေ

ဂျောင်ဆူး ရင်တွေလှိုက်ခနဲ ခုန်သွားရတာပဲသိလား

ပြီးတော့ အခုနောက်ပိုင်း ကိုကိုက ဂျောင်ဆူးကို သိပ်ဂရုစိုက်လာတာ

ဂျောင်ဆူးကပဲ စိတ်ထင်နေသလားမသိပေမယ့် သူဖြင့် သိပ်ကျေနပ်တာပဲ

ဂျောင်ဆူး က ကိုကို ပေးမယ့်မေတ္တာတွေကို လိုချင်မိတဲ့ ကလေးတစ်ယောက်မဟုတ်လား

ကိုကို့ ကို ချစ်လွန်းတဲ့ ဂျောင်ဆူးကို ကိုကိုသာ ပြန်ချစ်ရင် ဘယ်လောက်ကောင်းလိုက်မလဲနော်

မေတ္တာဆိုတာရောင်ပြန်ဟပ်တယ်ဆိုတဲ့ စကားကို ဂျောင်ဆူးကတော့ ပစ်ယုံတယ်

ဂျောင်ဆူး မေတ္တာတွေ မှန်ခဲ့တာကြောင့် တစ်နေ့တော့ ကိုကို့ဆီက မေတ္တာကိုလည်း သူပြန်ရနိုင်ကောင်းပါရက်

" ဟိတ် ကလေးလေး "

TV ရီမုကြီးကို ကိုက်ပြီး စိတ်ကူးအယဉ်လွန်နေတဲ့ ဂျောင်ဆူးလေး ကိုကို့ အသံကြီးကြောင့် တုန်ခနဲ လန့်ပြီး ရီမုကြီးနဲ့ သွားနဲ့ ရိုက်မိတာ ဂွက်ခနဲ

" အားး အ! "

နာသွားတဲ့ သွားကိုအုပ်ကိုင်ရင်း ကိုကို့ ကို စူးခနဲကြည့်မိတော့ ကိုကိုက အထိတ်တလန့်နဲ့ အနားကို စွေ့ခနဲရောက်လာတယ်

SUGAR KOKOWhere stories live. Discover now