11(Z+U)

2K 333 96
                                    

" ဂျောင်ဆူး ငါတို့ကိုစောင့်ပါဦး "

ဘောက်ဆတ်ဘောက်ဆတ်နဲ့ တွေ့သမျှ ကို လိုက်ကန်နေတဲ့ ဂျောင်ဆူး နောက် Han လေးနဲ့ Jun လုံး အသည်းအသန်ပြေးလိုက်နေရသည်

" အူးဝါးးးး မုန်းတယ် အကုန်လုံးကို မုန်းတယ် "

" အေးပါ အေးပါ မငိုနဲ့နော် လူတွေ ဝိုင်းကြည့်နေကြပြီ ဂျောင်ဆူးရဲ့ "

Han လေးပြောတော့ မျက်ရည်လည်ရွှဲနဲ့ ပတ်ဝန်းကျင်ကို ကြည့်လိုက်သေးတယ်

ပြီးတော့မှ

" အီးးးးး ဘယ်သူ့ကို ဂရုစိုက်ရမှာလည်းကွ ! ဘာကြည့်တာလည်း မကြည့်ကြနဲ့ ! အူးးဝါးးး "

နှပ်ချေးတွေရော မျက်ရည်တွေရောနေတဲ့ ကြောင်ချီးရုပ်နဲ့ လမ်းလယ်ခေါင်မှာ လှည့်ပြီး ရန်ကတွေ့ပါသေးတယ်

ချက်ချင်းဆိုသလို တိတ်သွားတဲ့ ဂျောင်ဆူး မျက်လုံးတွေက Starlight KTV ဆိုတဲ့ ဆိုင်းဘုတ်ကြီးပေါ်မှာ

" သီချင်းသွားဆိုမယ် ဟင့် !"

Han လေးနဲ့ Jun လုံးမှာတော့ တံတွေးမြိုချကာ လုံးတုံးလုံးတုံးနဲ့ ပြေးဝင်သွားတဲ့ ဂျောင်ဆူးနောက်လိုက်ရပြန်ပါသည်

ညနေ ဂျုံအင်း အိမ်ပြန်ရောက်တော့ ဟို ကလေးကို ရှာမိသည်

မနက်က ဂျောင်ဆူးကန်ချသွားတဲ့ စက်ဘီးအဖြူလေးကို တွန်းရင်း ခြံထဲရပ်ထားပေးလိုက်သည်

ငိုပြီး ထွက်သွားတာ မြင်တော့ ရင်ထဲမကောင်း
ချက်ချင်း လိုက်ခေါ်ချင်ပေမယ့်လည်း အရေးကြီးတဲ့ Presentation ရှိနေတာမို့ ဘယ်လိုမှထွက်မရခဲ့

" သားပြန်လာပြီလား "

မီးဖိုချောင်ထဲက အမေ့ အသံကြောင့် ဂျုံအင်း ဝင်သွားလိုက်သည်

" ဟုတ်ကဲ့ အမေ ! ဂျောင်ဆူးပြန်ရောက်ပြီလား "

" မရောက်သေးဘူးလေ အမေက သားကြိုပြီးမှ ပြန်လာမယ်တောင် ထင်နေတာ !"

အမေ့ စကားကို ကြားတော့ စိုးရိမ်စိတ်က ခေါင်းထဲပြေးဝင်လာသည်
ဘယ်တွေသွားနေပြန်ပြီလည်းမသိဘူး

အဲ့ကလေးက အမြဲ လူကိုစိတ်ပူရအောင် လုပ်တယ် 

" ကျွန်တော် ဖုန်းဆက်ကြည့်ဦးမယ် "

SUGAR KOKOWhere stories live. Discover now