4(Uni-Zawgyi)

4.5K 668 131
                                    

Kyung Soo လေးဒီနေ့တော့ ကျောင်းပိတ်ရက်မို့ အိမ်မှာအေးဆေးနှပ်နေသည်

မနေ့ညက ကိုကို့ကြောင့် အိပ်မရလို့ Kyung Soo လေး မိုးလင်းတော့ မျက်ကွင်းကြီးတွေတောင်ညိုနေပါပြီ

ကိုကိုက မနေ့ကလည်း အစစ်မရဲ့ကားနဲ့ အိမ်ပြန်လာသည်လေ

အပြင်မှာထွက်စောင့်နေတဲ့ Kyung Soo လေးကိုတောင် တချက်မကြည့်သွားပဲ အစစ်မနဲ့ ရယ်မောပြီး အိမ်ထဲဝင်သွားလိုက်တာ ဆိုတာ

Kyung Soo လေးကို အစစ်မက ခနဲ့တဲ့တဲ့တောင်လုပ်သွားသေးသည်

မကျေနပ်ပါ
Kyung Soo လေး လုံးဝကို မကျေနပ်နိုင်ပါ

အက်အစစ်မကို ပညာကောင်းကောင်းပြရမည်

ကိုကို့ ကိုလည်း နည်းနည်းလေးမကျေနပ်နိုင်ဘူးဆိုပေမယ့် ကိုကို့ ကိုတော့ စိတ်မကောက်ရက်ပါ

စိတ်ကောက်ရင်တောင် စိတ်ကောက်နေမှန်းသိမှာမဟုတ်ပါဘူး

ကိုကိုက Kyung Soo လေးကို ရှိတယ်လို့တောင်ထင်ရဲ့လားမသိ

" Kyung လေးရေ ငါတို့လာတယ် "

အသံစာစာ စာစာနဲ့ဝင်လာတဲ့ Jun လုံးနဲ့ Han လေး တို့နှစ်ယောက်

သူများအိမ်ကို စောစောစီးစီးရောက်လာကြပြန်ပြီ

ပြီးရင် သူများအိမ်မှာ တနင့်တပိုးတွေမြို စို့ကြတော့မယ်

လျှောကျနေတဲ့ စောင်ကို ခေါင်းမြီးခြုံ လိုက်တော့ အတင်းဆွဲလှန်ကြသည်

" ထပါကွာ . . .ဒီနေ့ ကစားကွင်းသွားကြမယ်လို့ပြောထားတယ်လေ "

Jun လုံးကတော့ အထက်တန်းကျောင်းသားဖြစ်နေပြီ ကစားကွင်းကို အပတ်တိုင်းသွားတုန်း . . .

Kyung Soo လေးကတော့  ကိုကိုတို့လို စမတ်ကျအောင်  Basketball ကစား စာကြည့်တိုက်သွားပြီး စာဖတ်ချင်သည်

Basketball ကစားရင် အရပ်မမှီလို့ အနည်းငယ်လေးတော့ ပြသနာရှိပေမယ့်လည်း. . .

စာကြည့်တိုက်သွားရင် နည်းနည်းလေးတော့ အိပ်ငိုက်တတ်ပေမယ့် နည်းနည်းလေးနော် . .

ကိုကို့ ဆီကများ ချီးကျူးခံရမလားလို့

တစ်နေ့နေ့တော့ ကိုကိုက Kyung Soo လေးရဲ့ ယောက်ကျားပီသမှုကြီးကို လုံးဝကို ထွင်းဖောက်မြင်နိုင်စေရမည်

SUGAR KOKOWhere stories live. Discover now