9(Z+U)

2.3K 304 22
                                    

ဒီနေ့ကတော့ Kyung Soo လေးအတွက် ဘဝ မှာ တတိယအပျော်ဆုံးနေု့ဖြစ်သည်

ပထမ က Kyung Soo မွေးတဲ့နေ့
ကိုကိုနဲ့ တွေ့ရအောင် မွေးဖွားလာတဲ့ နေ့မို့

ဒုတိယက ကိုကို့ဆီက ကလေးလေးလို့ အခေါ်ခံရတဲ့နေ့

အခု တတိယ ကတော့ ကိုကိုတို့ အိမ်မှာအတူသွားနေရမယ့်နေ့

မေမေ နဲ့ ဖေဖေ က ဘွားဘွား နေမကောင်းလို့ ဘူဆန်ကို သွားရမှာမို့ Kyung Soo ကို ကိုကို တို့ အိမ်မှာ အပ်ထားခဲ့မယ်တဲ့လေ ပျော်တာပေါ့

အထက်တန်းနောက်ဆုံးနှစ်ကျောင်းသားဆိုတော့ မေမေတို့က Kyung Soo ကို ခေါ်သွားချင်ရင်တောင် လိုက်လို့မရတာကို အဟိ

အထုပ်တွေအပိုးတွေနဲ့ ပြုံးပြုံး ကြီး အိမ်ပေါ်ထပ်က ဆင်းချလာတဲ့ သားဖြစ်သူကို Doh Mama ကတော့ အံ့သြတကြီး ကြည့်နေသည်

ခရီးသွားမှာ သူလား ကိုယ်တွေလား မသဲကွဲတော့ဘူး

သူများကလေးတွေဆို ဒီအရွယ် မိဘနဲ့ ခွဲရလို့ အနည်းနဲ့အများ ဝမ်းနည်းကြမှာပဲ

ဒီ ငပုလုံးနဲ့မှပဲ မျောက်အုန်းသီးရသလိုကို ဖျတ်ဖျတ်လူးနေလိုက်တာ

မသိရင်ခက်မယ်

" ဟဲ့ အထုပ်ကြီး အထုပ်ငယ်နဲ့ ဘယ်လည်း "

သူမ မေးလိုက်တော့ ချက်ချင်းမဖြေ လက်ထဲက အထုပ်ကြီးကို ချရင်း လေတချွန်ချွန်နဲ့လုပ်နေသေးတာ

" ဘယ်ကမှာလည်း ကိုကို့ အိမ်လေ "

" ငါတို့တောင် မသွားရသေးဘူး နင်တော်တော်ဖြစ်နေတယ်ဟုတ်လား "

" ဟီးဟီး မေကလည်း ကြိုတင် ပြင်ဆင်ထားတော့ မကောင်းဘူးလား "

ကြည့် !
လူဘေး အတင်းတိုးကပ်ထိုင်ပြီး ချွဲနေပြန်ပြီ

" တော်စမ်းပါ နင် ပါးစပ်ဟတာနဲ့ ဗိုက်ထဲအူဘယ်နှစ်ခွေရှိလဲသိပြီးသား "

" ဟွင့်! ဒါတော့ မေ နည်းနည်းများသွားပြီ မေ အရမ်း အိုဗာတင်းသွားပြီ "

" ဘာ ဒီကောင်စုတ်လေး အမေကိုဘာ တစ်ခါထဲ အိမ်ပေါ်က ကန်ချလိုက်ရ "

" အခုတော့ ဒီသားလေးကို အိမ်ပေါ်ကတောင်ကန်ချ ချင်နေပြီပေါ့ ဆင်းမှာပါ ကိုကိုနဲ့ယူပြီးရင် ဆင်းမှာ ကိုကို့ အိမ်မှာလိုက်နေမှာ ဟွန့် ! "

SUGAR KOKOWhere stories live. Discover now