14(Z+U)

805 173 40
                                    

Zawgyi

အပေါ်ထပ် ကိုရောက် ​တည်းက ဂျောင်ဆူးရင်တွေခုန်ပြီး ကြောင်တောင်တောင်ဖြစ်နေတာခုချိန်ထိပဲ

ကိုကိုက သူနဲ့တွဲမယ်တဲ့လေ အိမ်မက်များမက်နေသလားလို့ ကိုကို့ လက်မောင်းကို တဖျတ်ဖျတ်ရိုက်ပြီး အတည်ပြုခဲ့သေးတယ်

ဒါတောင်သူ့မှာခုထိမယုံနိုင်သေး
နောက်ဆုံးတော့ ကိုကို့ရည်းစား ဖြစ်ခဲ့ပြီလေ

ကိုကို့ရည်းစား ဖြစ်ပြီဆိုတော့ ကိုကို့ အမျိုးသားဖြစ်ဖို့ လက်တကမ်းအလိုမှာပဲရှိတော့တာပေါ့

ကျောင်းရောက်လို့ကတော့ ကိုကိုနဲ့ သူရည်းစားဖြစ်ပြီဆိုတဲ့အကြောင်း လော်စပီကာနဲ့အော်ပစ်ဦးမယ်

ခုတော့ စား​ပြီး တာတောင် ကိုကို့ရည်းစားဖြစ်သွားလို့ ဗိုက်ကပြန်ဆာလာပြန်ပြီ

ဒါပေမယ့်လည်း ကိုကိုနဲ့သာရ လို့ကတော့ နေ့တိုင်းထမင်းမစားရလည်းဖြစ်ပါတယ် ကိုကို့ မျက်နှာလေးထိုင်ကြည့်ရင်းနဲ့တောင် ဂျောင်ဆူးလေးက ဗိုက်ဝပြီးသား

ခဏနေ ကိုကိုဝင်လာရင်ဘာလုပ်လိုက်ရမလဲ ရည်းစားဖြစ်တဲ့အထိန်းအမှတ်အနေနဲ့ first kissလေးပေးလိုက်ရမလား

အားးးး တွေးကြည့်ရုံနဲ့တင် ရင်တွေခုန်နေပါပြီ

ဒေါက် ဒေါက်

တံခါးခေါက်သံကြားတာကြောင့် လက်သီးဆုပ်ကြီးကိုက်ပြီး ကြည်နူးနေတဲ့ ဂျောင်ဆူး မျက်နှာပိုးသတ်ကာ ကုတင်ပေါ်မှာ သိမ်သိမ်မွေ့မွေ့လေးပြင်ထိုင်လိုက်တယ်

အခန်းထဲဝင်လာတဲ့ ကိုကို က အရင်ကလောက် မျက်နှာကြောကြီးမတင်းနေတော့ ဂျောင်ဆူးလေးကိုကြိုက်သွားလို့ နူးညံလာတာနေမှာ ဟင်းဟင်း

" ရေမချိုးသေးဘူးလား စာလည်းလုပ်ရဦးမှာကို "

" ဟုတ်ခုချိုးတော့မှာ "

ဂျောင်ဆူးအသံက နည်းနည်း ညှောင်တိညောင်နာ နိုင်သွားလားတော့မသိဘူး မသိဘူး ခုချိန်သူအရမ်း ရှက်နေတယ် မဖြစ်စဖူးကိုကို့ရှေ့မှာ အရမ်းရှက်နေတော့တာပဲ

"အင်းအင်း မြန်မြန်ချိုး အအေးပတ်မှာစိုးလို့ "

ဟိုမော်ဒယ်လေးလို ကိုကို ဘေဘီ့ကိုရေချိုးပေးဆိုပြီး နှုတ်ခမ်းလေးဆူချွဲလိုက်ရမလား

SUGAR KOKOWhere stories live. Discover now