Artificial Love

8.9K 174 8
                                    

Artificial Love

Part 1....

♪ ♪ ♪ ♪ ♪ ♪ ♪ ♪ ♪ ♪ ♪ ♪ ♪

ငြိမ့်​ငြိမ့်​​ညောင်း​ညောင်း Piano သံ​တွေနဲ့အတူ Dancing floor မှာက​နေကြတဲ့စုံတွဲများ

'အခုလိုကျွန်​မသမီး​လေး​မွေး​နေ့ပွဲကိုကြွ​ရောက်​လာ​ပေးတဲ့ Tempo group ရဲ့ CEO ကို​ကျေးဇူးအများကြီးတင်​ပါတယ်​'

'မလိုပါဘူးဗျာ မင်းသမီး​လေးရဲ့​မွေး​နေ့ပွဲပဲ ကျွန်​​တော်​လာရမှာ​ပေါ့'

ဝန်​ကြီးချုပ်​ ရဲ့​ကျေးဇူးတင်​စကားကိုခပ်​​အေး​အေးနဲ့ပြန်​တုန့်​ပြန်​လိုက်​သူကား Tempo group CEO မင်းမာန်​ခ

ဝန်​ကြီးချုပ်​နဲ့နှုတ်​ဆက်​ပြီးတာနဲ့ ​မင်းမာန်​ခ၀ိုင်းတစ်​၀ိုင်းမှာသီးသန့်​သွား​နေလိုက်​တယ်​ ရုတ်​တရက်​မျက်​လုံးထဲဝင်​လာတဲ့အဖြူ​ရောင်​နတ်​သမီး​လေး...

သူအမှတ်​မမှားတာ​သေချာရင်​ Butterfly group ရဲ့သမီး အထူးကုဆရာဝန်​မကြီး ​ရွှေ​စင်​ခြယ်​ သူမ​လေးကိုလှတယ်​လို့ကြားဖူး​ပေမဲ့အခုလိုထိလှမယ်​လို့မထင်​မိ နှာတံဆင်း​ဆင်း​လေး​တွေနဲ့အတူ​ရောင်​စုံခြယ်​သထားတဲ့သူမ​လေး အဖြူ​ရောင်​ဂါဝန်​ရှည်​ကိုဝတ်​ထား​တော့ ပိုပြီး​တော့​တောင်​သူ့အလှဟာ​ပေါ်လွင်​သွား​စေတယ်

'Hi ကိုယ်​က Tempo group ရဲ့ CEO..'

'မင်းမာန်​ခမဟုတ်​လား ​ရွှေစင်​သိပါတယ်​😊😊'

ဝန်​ကြီးချုပ်​နဲ့​ရွှေစင်​စကား​ပြော​နေကတည်းက မင်းမာန်​ခဆိုတဲ့ထိုလူ ​ရွှေစင်​ကိုစိုက်​ကြည့်​​နေတယ်​ဆိုတာ​ရွှေစင်​သိပါတယ်​ ၀န်​ကြီးချုပ်​နဲ့စကား​ပြောပြီး​တော့အနားကို​ရောက်​လာ​တော့လဲ ၀တ္တရားအရ ​ရွှေစင်​ပြန်​နှုတ်​ဆက်​​ပေးလိုက်​ပါတယ်

'တစ်​​ယောက်​ထဲလားအ​ဖော်​မပါဘူးလား'

မာန်​ခမေးတဲ့စကားကို ​ရွှေစင်​ကပြုံးပြလိုက်​ပြီး

'မမက​နေမ​ကောင်းလို့အိမ်​မှာ​နေခဲ့ပါတယ်​'

'​အော်​ ဟုတ်​ပါပြီ ဒါနဲ့ ကိုယ်​နဲ့တစ်​ခွက်​​လောက်​အတူ​သောက်​မလား'

Artificial LoveWhere stories live. Discover now