Artificial Love

2.9K 117 3
                                    

Artificial Love

Part 6

'inn~~~~'

'နိုးလာပြီလားရတီ သက်​သာလား'

ဘေးနာက၀တ်​ရည်​အသံကြား​တော့ပတ်​၀န်ကျင်​ကိုအားယူမျက်​လုံးဖွင့်​က​ဝေ့ကြည့်​လိုက်​​တော့ ရတီအိမ်​ထဲကိုပြန်​​ရောက်​​နေပြီပဲ

'​တော်​​သေးတာ​ပေါ့ ကိုယ့်​အသိဆရာဝန်​တစ်​​ယောက်​တစ်​ခါထဲပါလာလို့'

ဟင်​ဒီအသံက CEO အသံ.....

ရတီ​ခြေရင်းနားကြည့်​လိုက်​​တော့ CEO ​ရော ယွန်း​ဆော့ပါ​ရောက်​​နေတယ်​​လေ

'CEO...'

ရတီအားယူကာထလိုက်​​ပေမဲ့ လုံးဝအားမရှိတဲ့ခန္ဓာကိုယ်​ကရတီ့ဆန္ဒအားငြင်းဆိုကာ အိပ်​ယာ​ပေါ်သို့ပြန်​လဲကျသွား​တော့သည်​...

'လှဲ​နေပါရတီ ကိုယ်​ကကိစ္စမရှိပါဘူး ဒါနဲ့ ရတီ ရတီတို့အိမ်​​ထောင်​​ရေးကိုဘယ်​လိုဆုံးဖြတ်​မလဲ'

CEO စကား​ကြောင့်​ ၀တ်​ရည်​ကိုလှမ်းကြည့်​လိုက်​​တော့ ၀တ်​ရည်​ ကမျက်​နှာငယ်​ဖြင့်​မတက်​သာလို့​အကုန်​​ပြောပြလိုက်​ရတဲ့ပုံစံဖြင့်​သာ

'ကိုယ်​က​တော့ရတီကိုကွာရှင်း​စေချင်​ပြီ ရတီမိသားစုကအိမ်​​ထောင်​​ရေး​ဖောက်​ဖြားသူကိုမုန်းတာမဟုတ်​လား အိမ်​​ထောင်​ကွဲတဲ့သူကိုမုန်းတယ်​လို့မပါပါဘူး ရတီစဉ်းစားပါ ရတီဒီလိုလူစိတ်​မရှိတဲ့လူရဲ့စွန့်​ပစ်​ခြင်းကိုခံမလား ရတီကပဲအဲ့လူကိုစွန့်​ပစ်​မလားဆိုတာဆုံးဖြတ်​ပါ ကိုယ်​​အောက်​မှာ​စောင့်​​နေမယ်​ သူငယ်​ချင်းနှစ်​​ယောက်​နဲ့​ဆွေး​နွေးကြည့်​​ပေါ့'

ရတီ​ဖျော့​တော့စွာ CEO ကိုပြန်​ပြုံးပြလိုက်​​တော့ CEO ​အောက်​ထပ်​သို့ဆင်းသွားသည်

'ယွန်​​ဆော့ နင်​တို့ဘယ်​လို​ရောက်​လာတာလဲ'

ဝတ်​ရည်​က​ရတီ့အစားရတီသိချင်​​နေတဲ့​မေးခွန်းကို​မေးလိုက်​​တော့

'CEO နဲ့ငါ ဒီကိုအလုပ်​ကိစ္စနဲ့လာတာ အဲ့တာCEOက​ရောက်​တုန်းနင့်​အိမ်​ကိုဝင်​ချင်​​သေးတယ်​ဆိုလို့ နင်​လဲဟို​နေ့က​ပြောထားတာ နင့်​​ယောကျာ်းခရီးသွား​နေတယ်​ဆိုလို့ငါလဲ​ခေါ်လာလိုက်​တာ '

Artificial LoveWhere stories live. Discover now