Artificial Love

2.9K 107 1
                                    

Artificial Love

Part 8






'ငါအဲ့​လောက်​​တောင်​တုံးတဲ့ပုံ​ပေါက်​​နေလား ​စေရာ...'

'ဟမ်​.. ဘာကိုလဲ'

ကော်​ဖီဆိုင်​ကအပြန်​​ကား​မောင်း​နေတဲ့ ​စေရာကိုမာန်​ခစကားစလိုက်​​တော့ မာန်​ခစကားကိုနားမလည်​တဲ့​စေရာကပြန်​​မေးလိုက်​တယ်

'မင်းတကယ်​မရိပ်​မိဘူးလား'

'ငါကဘာကိုရိပ်​မိရမှာလဲမာန်​ခရာ စကားကိုရှင်းရှင်း​ပြောစမ်းပါ'

'Light ​လေကွာ Light ကို​ပြောတာ'

'​အေး​လေ Light ကဘာဖြစ်​လို့လဲ'

စေရာ​ပြောတာကိုမာန်​ခ ခပ်​​တွေ​တွေ​လေးစဉ်းစားလိုက်​ပြီး​တော့မှ

'အင်း.... ဒါဆိုငါတစ်​​ယောက်​ထဲရိပ်​မိ​နေတယ်​ဆိုတဲ့သ​ဘောပဲ....'

'မာန်​ခ မင်းဘာကိုရိပ်​မိ​နေတာလဲရှင်းရှင်းလင်းလင်း​ပြောစမ်းပါကွာ.....'

'ငါ ရတီခြယ့်​ကိုပြန်​​တွေ့ပြီ Lightကရတီခြယ်​ဆိုတာငါ့စိတ်​ထဲမှာအလိုလိုသိ​နေတယ်​....'

'မာန်​ခရာ ​သေ​ရော​သေချာရဲ့လားကွာ... ရတီခြယ်​ပုံစံနဲ့Lightပုံစံကတစ်​ခြားစီပါပဲကွ'

'သူ့ဘာသာကြိုက်​သလိုပုံစံ​ပြောင်းထားပါ​စေ သူ့အကြည့်​ သူ့အသံ သူ့ကိုယ်​​ငွေ့ကိုငါခံစားမိတယ်​​စေရာ.... လူတစ်​ကချစ်​မိပြီဆိုရင်​ အဲ့လူအနားမှာ​ရောက်​​နေတာကိုမကြည့်​ပဲနဲ့​တောင်​သိနိုင်​တယ်​ အဲ့တာအချစ်​ရဲ့စွမ်းအား​တွေပဲ​စေရာ.... Light ကရတီဆိုတာ​သေချာတယ်​ ​နောက်​ပြီး ဟန်​ရှင်း... ငါ့သား ​သေချာတယ်​ အဲ့တာ​ကြောင့်​ မင်းကဒီမှာ​နေခဲ့ပြီး သူတို့သားအမိဘယ်​မှာ​နေလဲဆိုတာ စုံစမ်းထား ငါတစ်​ပတ်​​လောက်​​နေရင်​ပြန်​လာခဲ့မယ်​ ​သေချာစုံစမ်းထား​ပေး'

'ငါ​တော့မင်းကို​ပြောမနိုင်​​တော့ပါဘူးကွာ.....'

စေရာ​ခေါင်းတစ်​ခါခါနဲ့သာ မာန်​ခ​ပြောတဲ့အတိုင်း Light တို့အ​ကြောင်းကိုစုံစမ်းဖို့စီစဉ်​ရ​တော့တယ်​...'


Artificial LoveDove le storie prendono vita. Scoprilo ora