Artificial Love

2.8K 87 0
                                    

Artificial Love

Part 10


Dr. နဲ့​ဆွေး​နွေးပြီးကတည်းကစိတ်​နဲ့လူနဲ့မကပ်​ဖြစ်​​နေတဲ့ ရတီ

'က​လေးမှာစိတ်​ညစ်​စရာ​တွေရှိ​နေတဲ့ပုံပဲအရမ်းအားနည်း​နေတယ်​'

Dr. ထိုစကားကို​ပြောပြီးကတည်းကရတီအခုလိုဖြစ်​သွားတာ စဉ်းစားကြည့်​ရရင်​ သား​လေးမှာဘာ​တွေစိတ်​ညစ်​စရာရှိ​နေတာလဲ ကျွန်​​တော်​လဲမစဉ်းစားတက်​​တော့ဘူး

'ပါးပါး......'

ဆေးရုံကတင်​ထက်​.ဟန်​ရှင်း​လေးဆီမှထွက်​​ပေါ်လာတဲ့တိုးညှင်းလှ​သောအသံ​လေး...

အခုသား​လေးကပါးပါးလို့​ခေါ်လိုက်​တာလား.......

'သား.မားမားရှိတယ်​​နော်​'

သား​လေးအသံကြားကတည်းကသား​ဘေးကို​စွေ့ခနဲတန်း​ရောက်​သွားတဲ့ရတီ

ဒီလို​တော့လဲစိတ်​နဲ့လူနဲ့ကပ်​သား.....

'မား... ဟင့်​😢 ပါး​ရော....'

ဟန်​ရှင်း​လေးရဲ့ပါးဆိုနဲ့အသံကြားတော့ရတီမျက်​နှာတစ်​ချက်​ပျက်​သွားကာ

'ပါး ပါးက​လေ....'

'ပါးပါးဒီမှာရှိတယ်​သား​လေး'

ရတီ​ဖြေရခတ်​​နေတုန်း မာန်​ခကစကားဖြတ်​​ဖြေလိုက်​ကာ ဟန်ရှင်းရဲ့လွတ်​​နေတဲ့ကုတင်​တစ်​ဖက်​ခြမ်းမှာဝင်​ထိုင်​လိုက်​ပြီး ဟန်​ရှင်းလက်​​လေး​တွေကိုကိုင်​ထားလိုက်​တယ်

'ပါးပါးဒီမှာရှိတယ်​​နော်​သား​လေး'

'ဟုတ်​'

မာန်​ခ​ပြောပြီးတာနဲ့ဟန်​ရှင်း​လေးကပြုံးပြီးပြန်​​ဖြေတယ်​​လေ.....

ဆေးရုံမှာသုံးရက်​​လောက်​​နေလိုက်​ပြီးမှ​ဆေးရုံဆင်းခွင့်​ကိုရခဲ့တယ်​ ဟန်​ရှင်း​လေးစိတ်​အပန်း​ပြေဖို့လိုအပ်​​သေးတာ​ကြောင့်​ ဂျယ်​ဂျူခရီးစဉ်​ကိုရက်​​စော​စော​ပြောင်း​ရွှေ့လိုက်​ပြီး ​ဆေးရုံကဆင်းတာနဲ့အိမ်​မှာတစ်​ရက်​ထပ်​နားပြီး ဂျယ်​ဂျူကျွန်းကိုထွက်​လာခဲ့ကြတယ်

Artificial LoveWhere stories live. Discover now