Artificial Love

3K 117 3
                                    

Artificial Love


Part 7

After 5 years💎💎💎💎💎💎💎💎


'သား​လေး.... မားမားမင်းသား​လေး​ရေ... ထ​တော့​နော်​ မားမားရဲ့HanXing ​လေး​ရေ... ​ကျောင်းသွားရမယ်​​လေ ထ​တော့​နော်​ မားအသဲတုန်း​လေး..... '

ဖွေးဥ​နေ​သောပါး​ဖောင်း​ဖောင်း​လေးတစ်​ဘက်​တစ်​ချက်​စီအား ​မွှေး​မွှေး​ပေးကာ အရုပ်​များအလယ်​၌ယုန်​ပေါက်ေ​​လးအလားနှစ်​နှစ်​ခြိုက်​ခြိုက်​အိပ်​​ပျော်​​နေတဲ့ ရတီရဲ့တစ်​ဦးတည်း​သောချစ်​ရသူရင်​နှစ်​သည်းခြာ​လေး HanXing ​(ခေါ် ) မိုးယံခ ကိုမူကြိုပို့ရန်​နိုးလိုက်​​တော့....

'အင်း..... မားမား သားသားအိပ်​ချင်​​သေးတယ်​.... ဟင့်​'

'​အော်​​ဟော်​ မားမားသား​လေးကအိပ်​ချင်​​သေးတာလား အွန်း... အဲ့တာဆို မားမားက ဟန်​ရှင်း​လေးအတွက်​လုပ်​ထား Choco cake ကိုတစ်​​ယောက်​ထဲစားလိုက်​မှနဲ့တူတယ်​'

Choco cake ဆိုတဲ့အသံလဲကြား​ရော ဖျက်​ခနဲပွင့်​လာတဲ့ မျက်​လုံးလှလှ​လေး​တွေ အင်း... အဲ့မျက်​လုံး​လေး​တွေက ရတီနဲ့တူတာ....

'မားကလဲ ဟီးဟီး သားသားက​လေ အိပ်​ချင်​​သေးတယ်​လို့ပဲ​ပြောတာပါ😁 မထဘူးလို့မ​ပြောပါဘူး ​နော်​😁😁 ခုထပြီ ခုထပြီ'

ရင်​ဘက်​​လေးကိုလက်​​သေး​သေး​လေး​တွေနဲ့​ပုတ်​​ပြောကာ ချက်​ချင်း​ရေချိုးခန်းထဲ​ပြေးဝင်​သွားပါ​သော ဟန်​ရှင်း​လေး....

ဟန်​ရှင်း​လေးကရုတ်​တရက်​ကြည့်​လိုက်​ရင်​ဟိုလူနဲ့တူ​ပေမဲ့ ​သေချာကြည့်​လိုက်​ရင်​ ရတီနဲ့တစ်​ပုံစံထဲပဲ.. ထူထဲတဲ့မျက်​ခုံး သွယ်​လျှတဲ့မျက်​နှာပုံစံ နှာတံဆင်းဆင်း​လေး​တွေ.... မျက်​လုံးဝိုင်းဝိုင်း​လေး​တွေနဲ့ဟန်​ရှင်း​လေး.....

ဒါ​ပေမဲ့စိတ်​က​တော့ သူ့အ​ဖေအတိုင်းပါပဲ ဥာဏ်​​ကောင်းသည်​ မာနကြီးတာမဟုတ်​​ပေမဲ့ ​တော်​ရုံလူဆိုအ​ပေါင်းသင်းမလုပ်​ အဆင့်​အတန်းနည်းနည်းခွဲခြားတက်​သည်​ သူ့အတွက်​အကျိုးရှိမယ်​ဆို အရာအားလုံးကိုလုပ်​မယ်​ဆိုတဲ့ပုံစံ​လေးပါ....

Artificial LoveWhere stories live. Discover now