Artificial Love

2.6K 126 0
                                    

Artificial Love

Part 3





'ဟက်​ ထပ်​ပြီးထွက်​သွားပြန်​ပြီလား'

မင်းမာန်​ခ စားပွဲ​ပေါ်​ခြေတင်​ကာ ​​လက်​ထဲက​အရက်​ကိုတစ်​ချက်​​မော့​သောက်​လိုက်​ပြီး​တော့မှ ​ဘေးမှာရပ်​​နေသူ ​စေရာ ကို​မေးလိုက်​တယ်

'ဟုတ်​ကဲ့ ဒီတစ်​​ခေါက်​​တော့ နှစ်​နာရီကြာမှပြန်​ထွက်​လာတယ်​လို့သိရပါတယ်​'

'ဟက်​'

မင်းမာန်​ခရဲ့ ​ခြောက်​​သွေ့​သွေ့ရီသံများနဲ့အတူ အ​တွေးများက လွန်​ခဲ့​သောရက်​များဆီသို့



💗💗💗💗 Artificial. Love 💗💗💗💗




လေယာဉ်​တက်​ခါနီးမှ အ​ရေးကြီးတဲ့ဖိုင်​တစ်​ချို့က အိမ်​မှာကျန်​ခဲ့တာမို့ အိမ်​ကိုအမြန်​ပြန်​လာခဲ့​ပေမဲ့ အိမ်​မှာက လူတစ်​​ယောက်​မှမရှိ အရင်​ကလဲအခုလို​ခြောက်​​သွေ့​နေတက်​​ပေမဲ့အခုလို​တော့တိတ်​ဆိတ်​မ​နေ အနည်းဆုံး ဟိုတစ်​​ယောက်​သူငယ်​ချင်း ၀တ်​ရည်​ဆိုသူကို​တွေ့ရ​သေးတက်​သည်​ ဒါ​ပေမဲ့ အခု​တော့ဘယ်​သူ့ကိုမှမ​တွေ့ အပြင်​က​နေခြံ​ကိုပါ​သော့ခတ်​သွားတာ​ကြောင့်​ အပြင်​သွားတာလို့ပဲမှတ်​ယူလိုက်​ပြီး အိမ်​ထဲကိုဝင်​ခဲ့လိုက်​တယ်

လေယာဉ်​ချိန်​ကမမှီ​တော့တဲ့အတွက်​​ကြောင့်​ ​လေယာဉ်​လက်​မှတ်​ကို​နောက်​​နေ့မနက်​ပြန်​​ပြောင်းပြီးစီစဉ်​လိုက်​ရတယ်​ အပြင်​မှာရှိ​နေလဲ ဟို​ကောင်​မ​လေး​တွေပြန်​လာရင်​ စကား​ပြော​နေရဦးမှာစိုးလို့ အခန်​စထဲမှာပဲအနားယူ​နေလိုက်​​တော့တယ်


၆ နာရီ တစ်​ချက်​​အောက်​ကိုဆင်းကြည့်​တယ်​ ​အောက်​ထပ်​မှာ​မှောင်​မဲလျက်​ပင်

'ဘာလဲ အခုထိပြန်​မလာကြ​သေးတာလား'

အောက်​ထပ်​ကမီး​တွေအားလုံးဖွင့်​လိုက်​ပြီး မီးဖို​ချောင်​ထဲသွားကြည့်​​တော့လဲ စားစရာကဘာမှမရှိ မသိရင်​ အိမ်​မှာလူမ​နေတဲ့အတိုင်းပင်

'ဟိုရက်​ကမှ မုန့်​​တွေအများကြီးရှိပါ​သေးတယ်​ ဘယ်​​ရောက်​ကုန်​တာလဲ'

Artificial LoveWhere stories live. Discover now