Artificial Love

2.5K 82 3
                                    

Artificial Love

Part 12




ပင်​လယ်​နဲ့အနီးကပ်​ဆုံးHotel ခန်းကိုယူထားတာ​ကြောင့်​ မနက်​​မိုးလင်းချိန်​တွင်​ မှန်​ကာထားတဲ့ပြတင်း​ပေါက်​မှတိုးဝင်​လာတဲ့အလင်း​ရောင်​စူးစူး​ကြောင့်​ မျက်​လုံးများကအလိုအ​လျောက်​ပွင့်​သွားခဲ့ရပြီး ချက်​ချင်းမျက်​စိမဖွင့်​နိုင်​​သေး........

သဲ​သောင်​ပြင်​အထက်​ကိုရိုက်​ခတ်​လာတဲ့ လှိုင်းတံပိုးအ​သေးစားများရဲ့ရိုက်​ခံသံကိုတိတ်​စိတ်​စွာ ခတ္တခနနားဆင်​ပြီး​တော့မှ ​မှေးဆင်းထားတဲ့မျက်​လုံး​တွေကိုအသာယာဖွင့်​ယူပြီး အရင်​ရက်​များကနဲ့မတူ သူ၏အိပ်​ယာ​ဘေး​တွင်​​နွေး​ထွေး​သောအ​ငွေ့သက်​များလွှမ်းခြုံ​နေတဲ့​နေရာကိုကြည့်​ပြီးသူနှစ်​ခြိုက်​သွာပြုံးမိလိုက်​တယ်​.....

ကမ်း​ခြေဖြစ်​တာ​ကြောင့်​မနက်​ခင်းအချိန်​ချမ်းစိမ့်​စိမ့်​ဖြစ်​​နေသည့်​အတွက်​ ရတီရင်​ခွင်​ထဲကိုအတင်းတိုးဝင်​စွာ​ခွေ​ခွေ​လေးအိပ်​​ပျော်​​နေသည့်​ဟန်​ရှင်း​လေး....

ဟန်​ရှင်း​လေးနည်းတူ ဟန်​ရှင်း​လေးကို​ပျောက်​သွားမည့်​အလားတင်းကျပ်​စွာ​ပွေ့ဖတ်​ထားတဲ့ရတီ.....

အင်းးး သူ့ရဲ့မနက်​ခင်း​လေးဟာထိုမြင်​ကွင်းတစ်​ခုထဲနဲ့တင်​ပြီးပြည့်​စုံ​နေပါပြီ​လေ......

မာန်​ခ စာပွဲ​ပေါ်တင်​ထားတဲ့သူ့phကိုလှမ်းယူလိုက်​ပြီး​နွေး​ထွေးစွာအိပ်​​ပျော်​​နေတဲ့သားမိနှစ်​​ယောက်​ကိုလျှင်​မြန်​စွာ ဓာတ်​ဖမ်းလိုက်​ပြီး ချက်​ချင်းဆိုသလို Ph wall paper တန်းတင်​လိုက်​ပါ​တော့တယ်​....

သားမိနှစ်​​ယောက်​အားရှု့​မျှော်​ခြင်းပြီးစီးသွားပြီ​ဆို​တော့ကားမျက်​နှာသစ်​ရန်​​ရေချိုးခန်းထဲကိုသာဝင်​သွားလိုက်​​တော့သည်​......

ဟန်​ရှင်း​လေးအတင်းလှုပ်​နှိုး​နေမှု့​ကြောင့်​ ရတီမျက်​လုံးအစုံတို့သည်​လျှင်​မြန်​စွာပွင့်​လာခဲ့​လေပြီ....

'​မောနင်းသား​လေး နိုးပြီလား....´

'မားချိုချို´

Artificial LoveOnde histórias criam vida. Descubra agora