Artificial Love (Final)

4.9K 124 11
                                    

Artificial Love



Part 15 (Final)




မီးလျှံစက်​ လဲ​မိဘနှစ်​ပါးရဲ့ခွင့်​ပြုချက်​နဲ့အတူ ရတီတို့ရဲ့အိမ်​မှာလိုက်​​နေခဲ့တယ်

အရင်​က​အေးစက်​မှု့နဲ့အတ္တ​တွေခြုံလွမ်း​နေခဲ့တဲ့ 'ခ' စံအိမ်​ကြီးဟာအရင်​တိုင်းခမ်းနားထည်​၀ါစွာမ​ပြောင်းလဲဘဲတည်​ရှိလျှက်​ပင်

အရင်​က ရတီမာန်​ခနဲ့ခွဲ​နေခဲ့တဲ့အခန်းကိုပြန်​ပြင်​ဆင်​ပြီးညီကိုနှစ်​​ယောက်​အတွက်​စီစဉ်​​ပေးခဲ့တယ်​ မာန်​ခ​နေခဲ့တဲ့အခန်းကို​တော့ ရတီနဲ့မာန်​ခနှစ်​ဦးအတူတူ​နေဖို့ပြန်​ပြီးအစီစဉ်​ဆွဲခဲ့ကြတယ်

က​လေး​တွေကို Blue Sky အထက်​တန်း​ကျောင်းမှာပဲနှစ်​​ယောက်​အတူတူ​ထားခဲ့လိုက်​ကြတယ်​ ရတီက​တော့ ဟို​ဘေးရဲ့စီစဉ်​​ပေးမှု့နဲ့ မြန်​မာနိုင်​ငံ ကုမ္ပဏီ ရုံးခွဲမှာအကြီးအကဲအဖြစ်​ဆက်​ပြီးဒီဇိုင်းဆွဲရင်းလုပ်​ငန်းကိုပြန်​စတင်​ခဲ့တယ်​.....

Tempo group ကလူ​တွေအကုန်​လုံးကရတီပြန်​​ရောက်​လာတာကိုသိ​ပေမဲ့ သူတို့နဲ့တစ်​ခါမှမ​တွေ့ဆုံရ​သေးတဲ့အတွက်​စိတ်​ထဲမှာမတင်​မကျဖြစ်​​နေကြတယ်​ ​နောက်​ပြီး အရင်​ရက်​ကသူတို့CEO မင်းမာန်​ခဟာ ကိုရီးယားမ​လေးတစ်​​ယောက်​နဲ့အပြင်​မှာDateလုပ်​​နေပါတယ်​ဆိုပြီးသတင်း​တွေကထွက်​ထား​သေးတဲ့အတွက်​​ကြောင့်​ CEOကို​ဖောက်​ပြန်​​နေတာများလားဟုပင်​သူတို့အ​တွေးထဲမှာ​နေရာယူထားကြ​သေး၏။

လက်​ရှိတလွဲ​တွေထွက်​​နေတဲ့သတင်း​တွေ​ကြောင့်​မာန်​ခနဲ့ရတီမှာရီရမလိုငိုရမလိုပင်​ တကယ်​တမ်းထိုသို့ထင်​ကြသူ​တွေလဲလုံးဝမမှား အရင်​ကသူတို့သိတဲ့ရတီခြယ်​ဆိုတာ ပုံတုံးတုံး​ကောင်​မ​လေးတစ်​​ယောက်​ပင်​မဟုတ်​ပါလား အခုပုံစံအသစ်​နဲ့​တွေ့လိုက်​ရတဲ့အတွက်​​ကြောင့်​သူတို့လူမှားတာက​တော့မ​ပြောပ​လောက်​ပါဘူး​လေ ထို့​ကြောင့်​မာန်​ခထိုသတင်း​တွေအားမရှင်းပြပဲ ရတီနဲ့ဟန်​ရှင်း​လေးကိုရှယ်​ရာရှင်​​တွေအကြား မိတ်​ဆက်​​ပေးရ​တော့မယ်​ဟုစဉ်းစားမိလိုက်​ရင်း ကုမ္ပဏီ ညစာစားပွဲကိုချက်​ချင်းဆိုသလိုစီစဉ်​လိုက်​​တော့သည်​......

Artificial LoveWo Geschichten leben. Entdecke jetzt