♥️ 03 ♥️

21.2K 2.2K 120
                                    

🌿🌿🌿🌿🌿

အားပြင်းလှသော ဤရိုက်ချက်က အကြင်သူနှစ်ဦး ပြန်လည်သင့်မြတ်ပြီး LuCang ကို နန်းတော်သို့ ပြန်ခေါ်ဆောင်နိုင်ခဲ့သည့်ကာလနောက်ပိုင်း ပထမဆုံးအကြိမ် Jing လက်ပါမိခြင်းဖြစ်သည်။

မြို့စားကျန်းကျီတုန်းနှင့် ဓားပြညီနောင်တစ်သိုက် . . ပြဿနာတက်၍ LuCang ဝင်ပါကာ Jing နှင့် ထိပ်တိုက်တွေ့ခဲ့ရသည်က နောင်တအရမိဆုံးဖြစ်ခဲ့သဖြင့် ထိုနောက်များတွင် လက်ပါဖို့ မဆိုထားဘိ။
လက်ဖျားနှင့်ပင် မရွယ်ရက်တော့ပေ။
ဘယ်လောက်ပဲ စိတ်ဆိုးဒေါသထွက်ပါစေ . . သူ စိတ်ထိန်းနိုင်အောင် ထိန်းခဲ့သည်။
ချစ်သူအား ကိုယ့်လက်နှင့် မထိခိုက် မနာကျင်စေလိုခြင်းက ချွင်းချက်မရှိ စောင့်ထိန်းရမည့် သူ၏မေတ္တာတရားပင် ဖြစ်သည်မို့။

သို့ပေမယ့် ဒီနေ့မှာတော့ စိတ်ကို ထိန်းချုပ်နိုင်စွမ်းအား လျော့နည်းသွားပုံရသည်။ ဒါမှမဟုတ် ဒီထက်ပို ထိန်းချုပ်ထားဖို့ Jing မကြိုးစားတော့တာလည်း ဖြစ်ကောင်းဖြစ်နိုင်သည်။

LuCang သူ့ကို အရိုအသေကင်းမဲ့စွာ ပြောဆိုဆက်ဆံတာရယ်၊ အမြတ်တနိုးအပ်နှင်းထားတဲ့ ချစ်သက်လက်ဆောင်ကို ဘာမဟုတ်တဲ့ ကိုယ်လုပ်တော်ထံ မျက်နှာလွှဲခဲပစ် ပေးပစ်နိုင်ရက်တာရယ်က Jing ကို အလွန်အမင်း အမျက်ထွက်စေခဲ့၏။

ပါးပြင်ထက်သို့ လက်ချောင်းလှလှတွေရဲ့ ရိုက်ခတ်မှုကို ဆောင်ကြဉ်းသူက တော်တန်ရုံ လူသားမဟုတ်တာမို့ ဘယ်လောက်အထိနာကျင်နေမလဲဆိုတာ ပွဲခန်းမအတွင်းက လူအားလုံး သိရှိသော်လည်း ကာယကံရှင် သခင်Luကတော့ အနည်းငယ်မျှသော နာကျင်မှုကိုတောင် မဖော်ပြဘူး။

မျက်ဝန်းထောင့်မှ စီးကျလာသော သွေးစက်အချို့အား လက်ဖမိုးဖြင့် ပွတ်သုတ်လိုက်ကာ လက်သီးကို တင်းတင်းဆုပ်ပြီး အရှင်မင်းမြတ်အား စူးနစ်စွာ စိုက်ကြည့်နေခဲ့၏။
'နောက်ထပ် ရိုက်ရဲရင် ရိုက်ကြည့်လိုက်စမ်း' ဟူသော စိန်ခေါ်မှု မျက်ဝန်းနက်များနှင့်။

* မင်း သိပ်ကို အတင့်ရဲနေတာပဲ
ငါ့ကို မောက်မာတဲ့ဟန်ပန်နဲ့ အမိန့်ပေးရဲရအောင် မင်းကိုယ်မင်း ဘာထင်နေလဲ!!! ? *

Lord*s Lovingly [ 花花遊龍 ] Where stories live. Discover now