♥️ 21 ♥️

24.3K 2.1K 232
                                    

🌳🍂🌳🍂🌳🍂🌳

ဖြူစင်အေးစက်ပြီး မြတ်နိုးဖွယ်ကောင်းတဲ့ နှင်းစက်မှုန်တွေဟာ ဒဏ်ရာတွေနဲ့ ကမ္ဘာလောကအပေါ် ဝမ်းနည်းခြင်းကြီးစွာ ဖြာကျနေတယ်။

လေပွေရဲ့သယ်ဆောင်မှုနဲ့ မြေပြင်ပေါ် အိပ်စက်သွားတဲ့ သန့်စင်နူးညံ့တဲ့ နှင်းမှုန်တွေကြားထဲ အနီရင့်ရောင် သွေးစက်တို့ကလည်း ပန်းပွင့်တစ်ပွင့်ရဲ့ ဝတ်လွှာတွေလို ပြန့်ကြဲနေတယ်။

အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်းခံထားရတဲ့ သွေးသံရဲရဲ အလောင်းကောင်တို့ရဲ့ လမ်းမတလျှောက် လဲလျောင်းနေသော ကြောက်မက်ဖွယ်ရာ မြင်ကွင်း။

ရှုမြင်နေရတဲ့ လူတွေအတွက် ထိုမြင်ကွင်းဟာ အင်မတန်မှ ထိတ်လန့်တုန်လှုပ် ကြောက်ရွံ့ဖွယ်ကောင်းလှပေသည်။

မျက်လုံးများအား ဝမ်ဖေးရန် ခဏမှိတ်ထားမိသည်။
တင်းကျပ်နေသော စိတ်သဋ္ဌာန်အား ပြေလျော့စေရန် လေပြင်းပြင်းရှုသွင်းလိုက်သော်လည်း လေထုထဲ ပျံ့နှံ့နေတဲ့ သွေးနံ့များက သူ့ရဲ့လေးလံနေတဲ့ နှလုံးသားရဲ့အလုပ်လုပ်နိုင်စွမ်းကို ပိုမိုခက်ခဲသွားစေသည်။

မျက်လုံးများကို ပြန်ဖွင့်လိုက်မိသည်နှင့် မြေပြင်ပေါ် ဒူးထောက်လျက်သား ရှိုက်ငိုနေတဲ့ ကူရာကယ်ရာမဲ့ ကောင်လေးတစ်ယောက်ရဲ့ ပုံရိပ်ငယ် ဝင်ရောက်လာ၏။

ကလေးသာသာအရွယ်လေးတစ်ယောက်ရဲ့ ဝမ်းနည်းခြင်းက အနားမှာရှိတဲ့ လူကြီးတွေအားလုံးရဲ့ စိတ်နှလုံးသားကို နူးညံ့သိမ်မွေ့သွားစေတယ်။
ခိုလှုံရာ ရင်ခွင်ပျောက်ရှသွားမှာကို စိုးရိမ်ပူပန်နေတဲ့ ကလေးတယောက်ရဲ့ နာကျင်မှုကို သနားကရုဏာသက်လှစွာ . . . အနှောင့်အယှက်မပြုကြဘဲ တိတ်တဆိတ်သာ အဖော်ပြုပေးနေကြသည်။

သူ့အစ်ကိုကြီးရဲ့ လှုပ်ရှားမှုကင်းမဲ့နေတဲ့ ခန္ဓာတော်ကို ဘုရင်မင်းမြတ်သယ်ဆောင်သွားရာတလျှောက် ငိုကြွေးလျက် လိုက်ကြည့်နေခဲ့တဲ့ ရှောင်စန်း . . .
အရှင်သခင်Jingကို ကြောက်လို့ ငိုသံလည်း မထွက်ရဲဘဲ ကြိတ်ကြိတ်ရှိုက်နေခဲ့တဲ့ ရှောင်စန်းဟာ တွင်းထဲ ပုန်းအောင်းနေရင်း အပြင်ကိုလည်း ထွက်ချင်နေတဲ့ ပြူတစ်ပြူတစ် ယုန်လေးတစ်ကောင်လိုပဲ။

Lord*s Lovingly [ 花花遊龍 ] Where stories live. Discover now