♥️ 07 ♥️

18.7K 2.2K 74
                                    

🌳🌳🌳🌳🌳

တော်ဝင်သဇင်မှန်လျင် သေးနုပ်သိမ်ငယ်သော နေရာ၌ ပွင့်ဖူးသည်ဖြစ်ပါစေ လူအများ၏ မြတ်နိုးခြင်းခံရသည့်နည်းတူ
စောင့်ကြပ်ရတဲ့ တာဝန်ခရီးလမ်းတိုင်း တစ်ခုမကျန် အပြစ်အနာကင်းပြီး အောင်မြင်လေတော့ ထိုလူသား မည်မျှနှိမ့်ချနေလိုသည် ဆိုပါစေ သူ့ရဲ့တည်ရှိမှုအား အဖွဲ့၏ အထက်တန်းလွှာဦးစီးများက သတိပြုမိရလေ၏။

မည်းနက်မှောင်မိုက်တဲ့ အတွေးအမြင်တချို့ ယိုတောက်ကျင့် အတွေးအိမ်အား လွှမ်းမိုးစပြုလာသည်။
ဟေရင်းဆိုသော လူသား၏တည်ရှိမှုကို ယခင်ကဲ့သို့ နှစ်ထောင်းအားရဖြစ်စွာ ကောင်းချီးမပေးနိုင်တော့ဘဲ ကြည့်ရှုမိသော အမြင်များကပါ တစထက်တစ ပြောင်းလဲသွား၏။
သူ့နှလုံးသားရဲ့ အနက်ရှိုင်းဆုံးတစ်နေရာကနေ ထွက်ပေါ်လာတဲ့ အမည်တပ်မရတဲ့ အကြောက်တရားကို သူ မငြင်းဆန်နိုင်တော့ဘူး။

နှစ်နဲ့ချီပြီး သည်းခံစောင့်ဆိုင်းလာရတဲ့ သူ့ရဲ့ ကျော်စောခြင်း၊ သူ့ရဲ့ကြိုးစားမှုကို အသိအမှတ်ပြုတဲ့ သည်နေရာ . . . . . ဒါတွေအားလုံးကို ဟေရင်းရဲ့ အနှိုင်းမဲ့ တောက်ပခြင်းက လွှမ်းခြုံသွားပြီး လုယူသွားမှာကို သူ စိုးထိတ်မိလာသည်။
အထက်တန်းလွှာအကြီးအကဲများ၏ စိတ်ဝင်စားမှုကို သူ့အား ကျော်လွန်ကာ အရယူသွားမလား ထိတ်လန့်မိသည်။

ထပ်ပြီးတော့
သူ အလွန်တရာမှပင် ထိတ်လန့်ကြောက်ရွံ့မိတာကတော့
သူ့ထက် အဆပေါင်းများစွာ . . . မဟုတ်
နှိုင်းယှဉ်ဖို့တောင် မဝံ့မရဲဖြစ်ရလောက်သည်အထိ ချောမောခန့်ညားခြင်းကို ပိုင်ဆိုင်ထားလေသူ ဟေရင်းအား သူ တစ်ဖတ်သတ်မြတ်နိုးရတဲ့ 'ဖေးဖေး' သဘောကျသွားမှာကိုပင်။

ဒါက လုံးဝကို အခြေအမြစ်မရှိတဲ့ ရူးသွပ်မှုဆန်ဆန် ကြောက်ရွံ့ခြင်းမျိုး မဟုတ်ဘူး။
ပြောင်မြောက်စွာ ပြီးမြောက်ခဲ့တဲ့ တာဝန်ကြောင့် ချီးမြှင့်မှုကို ခံယူရန် ကျင်းလင်မြို့သို့ သူတို့တပ်ဖွဲ့ ချီတက်ခဲ့ရစဉ်က ဖေးဖေးရဲ့ ပုံမှန်မဟုတ်တဲ့ အကြည့်တွေ ခညောင်းခဲ့တဲ့ ဟေရင်းဆိုသော လူသားအား ညဥ့်နတ်ဘုရားအဖွဲ့ဥသျှောင်လူကြီးမင်းကပါ အထူးအရေးပေးလိုသည်ကို သူ မြင်တွေ့ခဲ့ရ၏။

Lord*s Lovingly [ 花花遊龍 ] Where stories live. Discover now