♥️ 06 ♥️

20.3K 2.6K 189
                                    

🌲🌲🌲🌲🌲

မြို့တွင်းသို့ ဆိုက်ရောက်လေတော့ ညီအစ်ကို နှစ်ဦးသား အလုပ်တစ်ခုရှာဖို့ နားခိုရာအဖြစ်သတ်မှတ်လိုက်ကြသည်။

နေရာပေါင်းစုံလျှောက်သွားရပြီး ငွေလည်း ရနိုင်မယ့်အလုပ်ကိုသာ လုပ်လိုသည် အမိန့်ရှိထားတဲ့ သခင်Luကြောင့် ရှောင်စန်းတို့ ရွေးချယ်ရမည်မှာ ကိုယ်ရံတော်အလုပ်သာ။

ဘုရင်မင်းမြတ်ရဲ့ ဘုန်းတန်ခိုးနဲ့ ငြိမ်းချမ်းသာယာ ဝပြောလှတဲ့ ခေတ်တစ်ခေတ်ဖြစ်သော်လည်း ဓားပြတွေကတော့ လက်နက်ချအလင်းဝင်ဖို့ သဘောမတွေ့ကြသေးဘူး။ အင်မတန်ကြွယ်ဝချမ်းသာတဲ့ ကုန်သည်တွေ ရှိနေသရွေ့ ၎င်းတို့ရဲ့ ကုန်ပစ္စည်းတွေဟာ ဓားပြတိုက် လုယူခြင်း ခံနေရဦးမှာပဲ။

ချစ်ရသူ ကျင်း မိန့်တော်မူလေ့ရှိသလို စာပေပညာ နည်းလှသည့် LuCang . . တစ်ဖက်ကမ်းခတ် ကျွမ်းကျင်ပါးနပ်သည်မှာ အတတ်ပညာဟု အမည်မတပ်နိုင်သည့် ဓားပြတိုက်ခြင်းသာ။
မွေးဖွားကြီးပြင်းခဲ့ရာ ဟန်ကျိုးနယ်၏ ပျော်ရွှင်ဖွယ်အတိတ်၌ ဤအခြင်းအရာများအား အစီအစဉ်ချမှတ် စီမံခန့်ခွဲခဲ့သည့် ခေါင်းဆောင်ဖြစ်ခဲ့ဖူးသည်မို့။

လုယက်ခြင်းအတွေ့အကြုံများစွာ ရှိခဲ့သည့် ဓားပြခေါင်းဆောင်က ယခုမူ . . ထိုဓားပြများလက်မှ ကာကွယ်ပေးမည့် ကိုယ်ရံတော်လုပ်မည်ဆိုသည်က အတော်ပင် ရယ်ဖွယ်ကောင်းပေလိမ့်မည်။
သို့သော်ငြား LuCang မှာ ဟားတိုက်ရယ်မောပစ်လိုက်ဖို့ အားအင်အနည်းငယ်တောင် မကျန်ရစ်တော့ပါလေ။

အန္တရာယ်များသည့် အလုပ်ဖြစ်တာမို့ သဘောမတူလိုသည့် ရှောင်စန်းနှင့် ငြင်းခုံခဲ့ရသေးသည်။
ကုန်သည်အဖွဲ့တစ်ဖွဲ့ရဲ့ ကိုယ်ရံတော်တွေထဲမှ တစ်ဦးဖြစ်ခွင့်ရဖို့က စက်ဆုပ်ဖွယ်ကောင်းတဲ့ လူတန်းစားအမျိုးမျိုးနဲ့ ရင်ဆိုင် တိုက်ခိုက်ကျော်ဖြတ်ရဦးမည်။
သခင်သာ အလွန်အမင်း စိတ်ဝင်စားနေတာမဟုတ်ရင် အဲ့လိုအလုပ်ကို ရှောင်စန်း တကယ် လုပ်ခွင့်မပေးချင်ဘူး။

အကြိမ်တိုင်းဆိုသလိုပါပဲ . . .
သူ့အချစ် ရှင်ဘုရင်နဲ့ဆိုရင်တောင် မပျော့တဲ့ အစ်ကိုကြီးရဲ့ခေါင်းက
ရှောင်စန်းလို ငနဲနဲ့ ဘယ်လိုလုပ် ပျော့မတုန်း။
သခင်Luရဲ့ ခေါင်းမာမှုအောက် ဝပ်ချင်ချင် မဝပ်ချင်ချင် ပြားပြားဝပ်ရသူက ရှောင်စန်းဆိုသော ငနဲသာ။

Lord*s Lovingly [ 花花遊龍 ] Where stories live. Discover now