♥️ 04 ♥️

22K 2.4K 249
                                    

🌳🌳🌳🌳🌳

* အစ်ကိုကြီး . . . *

* ဪ ရှောင်စန်း *

* အစ်ကိုကြီး ဒဏ်ရာရသွားတယ်ဆို ? *

အကျဉ်းခန်းတွင်းသို့ ကပျာကယာ ဝင်လာပြီး LuCang မျက်နှာမှ ဒဏ်ရာကို စိုးရိမ်စွာ ကြည့်ရှုနေသော ရှောင်စန်း ~
အကျဉ်းစံနေရပေမယ့် ရှောင်စန်းတယောက်ကိုတော့ LuCang အတွက် ခစားရန် Jing စေခိုင်းထားမြဲ။

* မျက်လုံးကို မထိလို့ တော်ပါသေးရဲ့ဗျာ
ဒါပေမဲ့ ဒဏ်ရာက အရမ်းနက်တယ် အစ်ကိုကြီးရယ်
အမာရွတ်မကျန်ခဲ့ဖို့ မျှော်လင့်ရမှာပဲ *

ဖြူသန့်နေသော မျက်နှာတော်ရဲ့ ညာဘက်ပါးပြင်စွန်းက ဒဏ်ရာဒဏ်ချက်ကို လက်နှင့် ဖွဖွတို့ထိမိရင်း ရှောင်စန်း အလွန်တရာမှပင် စိုးရိမ်လှသည်။
မျက်နှာခန့်ခန့်မှာ အမာရွတ်ကျန်သွားလို့ကတော့ မကောင်းဆိုးဝါး ဘုရင်လက်ထဲ ရှောင်စန်း ဇီဝိန်ချုပ်ပြီပဲ။

* အမာရွတ်ကျန်လည်း ဘာဖြစ်လဲကွာ . . . *

သူက အားနွဲ့တဲ့ အမျိုးသမီးတစ်ဦးမှ မဟုတ်တာ။ မျက်နှာမှာ အမာရွတ် ကျန်ကျန် မကျန်ကျန် ဘာဂရုစိုက်စရာလိုမှာလဲ။

ဒါပေမဲ့ အခု သူ စိတ်ဝင်စားနေတာက တာ့လီအကျဉ်းထောင်ကို LuCang ရောက်တာ ရက်ပိုင်းမျှပဲ ရှိသေး . . . ရှောင်စန်း ဘယ်လိုများ သတင်းရခဲ့သလဲ။
စူးစမ်းလိုသော သံသယမျက်လုံးများနဲ့ ရှောင်စန်းထံ ကြည့်မိတော့ အရိပ်အကဲသိလွယ်တဲ့ ရှောင်စန်းက အဖြေပေးသည်။

* စစ်သူကြီးတင်းဖန်းက ရဲမက်တစ်ယောက်လွှတ်ပြီး ပြောပြခဲ့တာပါ *

ဩော် ~ ~ ~ ဒါဆို Jing ရဲ့ ဘယ်လက်ရုံး စစ်သူကြီးပဲပေါ့။
စစ်သူကြီးDing ဆိုတာ ဘုရင်ရဲ့အမှုတော်ထမ်းဆိုပေမယ့် LuCang ဘက်တော်သား အမြဲတစေ ဖြစ်ပေးခဲ့သောသူ။
ရှောင်စန်းအပြောအရ တာ့လီထောင်၌ နန်းစံလေ့ရှိနေတတ်သော အချစ်ကျေးကျွန် LuCang အား အဖော်ပြုပေးရန် ရှောင်စန်းကို လွှတ်ဖို့ Jing ထံ အကြံဥာဏ် တွန်းအားပေးသူမှာ ထိုစစ်သူကြီးပင်ဖြစ်သည်တဲ့။

Lord*s Lovingly [ 花花遊龍 ] Where stories live. Discover now