♥️ 05 ♥️

21.5K 2.2K 106
                                    

🌱🌱🌱🌱🌱

ရွှေအဆင်းဖျော့ရောင် သမားရိုးကျ နံနက်ခင်းတစ်ခုသည် လန်းဆန်းကြည်လင်နေ၏။
လေပြည်၏ နွေးထွေးမှုတွင် နှင်းဥနှင်းသီးကလေးများ ပျော်ကာကြွေဆင်း၍ မက်မွန်ပန်းရနံ့တွေ သင်းပျံ့လာသည်။

ဗျတ်စောင်းသံလို တွန်မြည်တတ်သော ကျေးငှက်တွေ၊ အစာရှာထွက်သော ယုန်ကလေးတွေ၊ လေနှင့်အတူမျောလွင့်လာသော ပန်းပွင့်နဲ့ဝတ်မှုန်တွေ . . .
စိတ်သစ်၊ လူသစ်၊ ပတ်ဝန်းကျင်အသစ်
အသစ်အသစ်သော အရာရာတိုင်းဟာ ရိုးရာပုံပြင်များထဲက ကျွန်းကလေးတကျွန်းနှယ် ထင်မြင်မိသည်။

တုံအန်းဂိတ်တံခါးမှ လီ(မိုင်)အတော်ကွာဝေးလာပြီးနောက်
မြင်းဇက်ကြိုးအား ကိုယ်စီဆွဲကိုင်ထားသော လူသားနှစ်ဦး
လမ်းဆုံတွင် ရပ်တန့်နေသည်။
မည်သည့်လားရာထံ ဦးတည်ရမည်မှန်းမသိသော ဗလာကျင်းစိတ်အဟုန်ဖြင့် ဝန်းကျင်တဝိုက်အား ငြိမ်သက်စွာ စူးစမ်းနေ၏။

* ဘယ်သို့ကြွမြန်းပါမည်လဲ အစ်ကိုကြီး ~ ဟန်ကျိုးကိုပဲလား *

ညှိုးငယ်မှုန်မှိုင်းနေတဲ့ မျက်နှာတော်အား တချက်ခိုးကြည့်လိုက်ပြီး ရှောင်စန်း သတိထားကာ မေးစမ်းလိုက်သည်။

တာ့လီထောင်မှ လွတ်လျှင်လွတ်ချင်း နန်းဆောင်သို့ တယောက်ထဲ ပြန်လာပြီးသည့်နောက်
ညဥ့်သန်းခေါင်ယံမှာပဲ 'ထွက်သွားကြမည်'ဆိုလာသောကြောင့် အထုတ်အပိုးများကိုတောင် ကသောကမျော ပြင်ဆင်ခဲ့ရသည်။
ဘာအကြောင်းပြချက်ရယ်လို့ မမိန့်ဆိုပေမယ့် တိမ်တိုက်အိုသဖွယ် မှိုင်းဝေဖျော့တော့နေတဲ့ မျက်နှာထားတော်အမူအရာကြောင့် ရှင်ဘုရင်နှင့်တခုခုပတ်သက်နေမည်မှန်း ရှောင်စန်း မှန်းဆနိုင်ခဲ့သည်။

ခမ်းနားထည်ဝါတဲ့ မဟာနန်းတော်အတွင်းမှာ အရာအားလုံး ချန်ထားရစ်ခဲ့ပြီး အနည်းငယ်မျှသော အဝတ်အစားကိုသာ သူတို့နှစ်ဦး ယူဆောင်လာခဲ့ကြ၏။
ရှင်ဘုရင် နှင်းအပ်ခဲ့ဖူးသမျှ လက်ဆောင်ပဏ္ဍာများအား တစ်ပိုင်းတစ်စသော်မျှ ယူမလာရန် အမိန့်ပေးခဲ့သော်လည်း တန်ဖိုးကြီးပစ္စည်းအနည်းငယ်ကို ရှောင်စန်း ခိုးဝှက်ယူလာခဲ့သည်။
သခင်သိလျင် ရွှေစိတ်တော်ညိုမည်မှန်း သိသော်ငြား မည်၍ဝေးလံမည် မသိသော ပန်းတိုင်မဲ့ခရီး၌ သခင် မနှစ်မြို့သော ထိုထိုအရာတို့ လိုအပ်မည်ဆိုသည်က အမှန်ပင်။

Lord*s Lovingly [ 花花遊龍 ] Where stories live. Discover now