♥️ 09 ♥️

19.9K 2.2K 281
                                    

🎋🎋🎋🎋🎋

ဆောင်း၏ ကောင်းကင်သည် ပြာလဲ့ကြည်စင်နေ၏
ကျောက်ဆောင်တစ်ခုပေါ်တွင် LuCang ထိုင်ကာ ကောင်းကင်ယံအား ငေးနေမိသည်။
အပြာရောင်နောက်ခံ၊ အဖြူရောင်တိမ်တိုက်များထံ သူ့အကြည့် ခိုနားသော်လည်း စိတ်စေတသိက်ကတော့ မိုးသားထက် မြင့်မားသော . . မိုးတိမ်ထက် လျှို့ဝှက်သိပ်သည်းနေတတ်သော တစ်စုံတစ်ဦးထံသို့ မျောလွင့်ပါလျက်။

အေးမြစိမ့်စမ်းသော လေပြေကလေးက LuCang မျက်နှာအား တိုးဝှေ့ကျီစယ်သွားသည်။

ဟုတ်သည်။
စိမ့်နေအောင် ချမ်းအေးတတ်သော အအေးကဲသည့် ဆောင်းနှောင်းပိုင်းသို့ ရောက်တော့မည်။
သူနှင့်ရှောင်စန်း နန်းမြို့တော်မှ ထွက်ခွာချိန်မှာ ဆောင်းဦးဝင်စသာ ရှိခဲ့သေးသည်။
ကျန်းဟူနယ်၌ လေလွင့်ရင်း ညတာရှည် အိပ်ပျက်ညများနှင့် ခါးသက်စွာ ဖြတ်သန်းခဲ့ရသည်မှာ ငါးလကျော်ခဲ့ချေပြီ။

LuCang အနှစ်သက်ဆုံးဖြစ်သော ဆောင်းဦးရာသီရဲ့ ချစ်စဖွယ် အလှတရားတွေဟာ အနားမှာ ချစ်ရတဲ့ 'သူ'မရှိပေးလေတော့ မြတ်နိုးတသစွာ အသိအမှတ်ပြုခြင်းမခံရပါဘဲ ရိုးရိုးရှင်းရှင်းသာ ကုန်လွန်သွားခဲ့ရ၏။

လွန်ခဲ့တဲ့ လအနည်းငယ်တုန်းက ထိုနတ်သားအား သတိရလွမ်းဆွတ်ခြင်းမပြုမိစေရန် သူ ပင်ပန်းတကြီး ကြိုးစားခဲ့သေးသည်။
သို့သော်ငြားလည်း ထိုသို့ ပြန်လည်တိုက်ခိုက်လေလေ . . မေ့လျော့သဂြိုဟ်ခြင်းငှာ မပြုနိုင်သည့် အောက်မေ့ဖွယ်များစွာက သူ့အား ပို၍ ခြောက်လှန့်လေလေဖြစ်သည်။

ယခုတော့ ~ ထိန်းချုပ်ထားရတဲ့စိတ်ကို အရှုံးပေးငဲ့ညှာခြင်းအားဖြင့် လွမ်းဆွတ်ချင်တိုင်း လွမ်းဆွတ်ခွင့်ပေးလိုက်တော့တယ်။

သူ ချစ်လှစွာသော ဧကရာဇ်ရဲ့ စကားအရာနှင့်ဖော်ပြ၍မပြည့်စုံနိုင်သော ချောမောလှပသည့် မျက်နှာတော်၊ ညဥ့်ကာလအား စံစားမင်းမူသော ကြယ်စင်များထက် တောက်ပလင်းလက်တဲ့ မျက်ဝန်းတစ်စုံ၊ ပန်းပွင့်ရဲ့ဝတ်လွှာထက် သိမ်မွေ့နူးညံ့တဲ့ နှုတ်ခမ်းလွှာ၊ ပိုးသားထက် နုအိချောမွေ့တဲ့ ဆံနွယ်ရှည်များ၊ အဖြူရောင်ကျောက်စိမ်းထက်တောင်မှ ပါးလျဖြူဆွတ်နေတဲ့ အသားအရည်

Lord*s Lovingly [ 花花遊龍 ] Where stories live. Discover now