ဆေးရုံဆီ ပြန်ရောက်တော့ Fakfaeng က သူမရဲ့ Internal Medcine Dept. မှာ ညနေခင်း Round လှည့်ဖို့ တာဝန်ချိန်ကျန်နေသေးတာမို့ Ward ရှေ့ထိ လိုက်ပို့ပြီးနောက် ER ၀န်းထဲသို့ ကျနော် ပြန်လာခဲ့လိုက်သည် .....
ဝန်းထဲမှာတော့ ကားရပ်စရာ Parking တွေ အားလုံး ပြည့်နေလို့ ERမှာ လူနာသိပ်များနေပြီမှန်း ကျနော်ခန့်မှန်းမိလိုက်၏ ... အထဲမှာ နေ့ဆိုင်း တာဝန်ကျနေသော Ai'Sing တစ်ယောက် ဘယ်လောက်တောင် ဗျာများနေလိမ့်မလဲ ..
သာမန်နေ့တစ်ရက်ဆိုရင်တော့ ကျနော်ဟာ ကိုယ့် တာဝန်ချိန်မဟုတ်ပေမယ့် ER လူသိပ်ကျလာတဲ့အချိန် ၀င်ကူကောင်းကူနေမိလိမ့်မည် .. ဒီနေ့မှာတော့ Parking ရှာနေရင်းနဲ့ ကျနော့်စိတ်ထဲ တ၀ဲလည်လည် တွေးနေတာမိက ဒီညအဖို့ Tol လေး အန္တရာယ် ကင်းအောင် ကျနော်သူ့နားမှာ ဘယ်နည်းနဲ့ စောင့်ကြည့်ပေးနေနိုင်မလဲ ဆိုသည်သာ ...Tol နားမှာ သူ Accident မဖြစ်ခင်အထိ တစ်ညလုံး အတူ နေပေးနိုင်ဖို့ ဆိုတာလည်း ကျနော် တာဝန်ကျမယ့် ညဆိုင်းကို အစားထိုးဖို့ လူရှာနိုင်ပါမှ ဖြစ်နိုင်မည် ... ကျနော်နဲ့ Level တူ အစားဝင်ပေးနိုင်တာကလည်း Ai Sing ပဲ ရှိသည်မို့ နေ့ဆိုင်း ညဆိုင်းဆက်ခိုင်းဖို့ရာ ကျနော် မတောင်းဆိုရက်ပါ ...
ချောင်ကျတဲ့ဘက်မှာ ကား Parking တစ်နေရာ လွတ်နေတော့ ၀င်လိုက်ပြီး ကားပေါ်က မဆင်းနိုင်သေးဘဲ .. ဒီညနေအတွက် လုပ်သင့်တာနဲ့ လုပ်ချင်တာ ဘာကို ဦးစားပေးသင့်လဲ Tinh ဝေခွဲမရ ဖြစ်လို့နေသည် ...
မနက်က Presentation အချိန်မှာ နေမကောင်းဖြစ်ပြလက်စနဲ့ ခွင့်ယူလိုက်လို့တော့ ရ၏ ... သို့ပေမဲ့ ညဆိုင်းမှာ စစ်တလင်းနဲ့တူနေမယ့် ERရယ်.. ကျနော် ကုသပေးရမယ့် ပန်းနာရင်ကျပ်သည် ဦးလေးကြီး အပါအ၀င် တခြားလူနာတွေကို တွေးမိတော့ စိတ်ထဲ စိုးရိမ်လာရပြန်၏ ...
Nong Pin သည် ဒုတိယ တာဝန်ခံသာ ဖြစ်သည်မို့ ကျနော့်မရှိရင် ဦးတည်ရာတော့ ပျောက်နေမည်သာ .. ဒါဆိုရင် Gap နဲ့ Wanကို ထည့်တွက်ရင်ရော ... မဖြစ်လောက်ပါ ... ထို ပုဂ္ဂိုလ်လေးတို့က အသက်မွေးဝမ်းကြောင်းအပေါ် သိပ်စူးစိုက်သူတွေ မဟုတ် ... ထိုသို့နှင့် ကျနော့်မှာ အကောင်းအဆိုး ချိန်ထိုးရင်း ဘာကိုမှ ဆုံးဖြတ်မရ ဖြစ်လို့နေတော့သည် ..
YOU ARE READING
TRIAGE (Myanmar Translation)
Mystery / ThrillerSummary "လူနာ တစ်ယောက်ရဲ့ အသက်ကို မကယ်နိုင်ခဲ့ဘူး " ဆိုတဲ့ အခြေအနေဟာ အရေးပေါ်ခန်းကို ကိုယ့်အိမ်ကိုယ်ရာလို နေသားကျနေတဲ့ ဆရာဝန်တစ်ယောက်အတွက် သာမန်ပဲ ပြီးသွားတာမျိုး မဟုတ်လား တစ်ခေါက်မှာတော့ သူဟာ လူနာတစ်ယောက်အတွက် လက်လွန်သွားပြီးသား အခြေအနေတစ်ခုကို...