Loop 9 (B) Unicode

749 96 0
                                    

ER ရှေ့ကို ရောက်တော့ Tolနဲ့ Art ကို ကားပေါ်မှ ဆင်းစေလိုက်ပြီး ... reception ဆီသို့ ကျနော် အမြန်သွားကာ booking ယူလိုက်ပြီး ဖြစ်စဉ် အကျဉ်းကို Nurse တစ်ဦးထံ ရှင်းပြလိုက်သည် ...
ဒီနေ့ တာဝန်ကျနေတဲ့ Senior Nurse P'Toy က ကျနော့်ကို မြင်တော့ ချက်ချင်း ရောက်လာပြီး ... Art ကိုလက်လွှဲယူလာ၏ ..

ကျနော် ကားပါကင် ပြန်သွားထိုးပြီး Nong Art ရှိနေလောက်မယ့် စမ်းသပ်ခန်းထဲကို လိုက်ဝင်သွားတော့ ... Art ကို ကြည့်ပေးနေတာက Intern အကူ ဆရာဝန်မ ငယ်ငယ်ချောချောလေး တစ်ယောက်ဖြစ်ပြီး .. Art ကလည်း သူ သကြားလုံးနင်တဲ့ အကြောင်းကို စီကာပတ်ကုံး ပြောပြလျက်ရှိသည် ....ဆရာဝန်မလေးကလည်း ရှက်ပြုံးလေးနဲ့ ... အပေးအယူတွေတည့်နေကြသည် ..

"Nong .. လူနာကို X-ray ရိုက်ကြည့်ဖို့ လုပ်ပြီးပြီလား" ....
အနားကို ကျနော် ရောက်လာတော့ .. အပြင်ဝတ်စုံပဲ ၀တ်ထားတဲ့ ကျနော့်ကို ဆရာဝန်မလေးက ချက်ချင်းမှတ်မိကာ လက်အုပ်ချီ နှုတ်ဆက်လိုက်ပြီး ..
"ဓာတ်မှန်ရိုက်ဖို့ လုပ်ပြီးပါပြီ ... Phi"..

"အွန်း .. ဒီလူနာကို Phi ကိုယ်တိုင် Heimlich Maneuver လုပ်ထားတယ် .. သူ့ ရင်ဘတ်နဲ့ လည်ချောင်းမှာ အတွင်းဒဏ် ဖြစ်မဖြစ်ပဲ တစ်ချက် စစ်ပေးလိုက်ပါ ..."

Nong Art ကတော့ သူ့ကျန်းမာရေးအကြောင်းပြောနေတဲ့ ကျနော့်ကိုပင် စိတ်မဝင်စားအားပါ.. အကူ ဆရာဝန်မလေးဆီက မျက်စိပင် မလွှဲနိုင် ဖြစ်လို့နေသည် ..

ဒါလည်း တစ်မျိုးကောင်းတာပဲလေ .. သူတို့နှစ်ယောက်ကို ဆေးရုံဆီ မရောက်ရောက်အောင် ကျနော်ခေါ်လာရတဲ့ အကြောင်းရင်းက အခု ကုတင်ပေါ်မှာ ထိုင်ပြီး ပါးစပ်မစိနိုင် ဖြစ်နေသူအတွက် မဟုတ်ဘူးလေ .... ကုတင်ဘေးမှာရပ်စောင့်နေသူ တစ်ယောက်အတွက်ပဲ ..

Tol ကတော့ ဘေးပတ်လည်မှာရှိနေတဲ့ စမ်းသပ်ကိရိယာနဲ့ စက်ပစည်းတွေဆီမှာသာ အာရုံကျပြီး ဟိုဒီ စူးစမ်းလို့နေ၏ ...

"Nong Tol" ..

အမှတ်တမဲ့ ခေါ်သံကြောင့် Tol က မျက်လုံးဝိုင်းလေးနဲ့ လှည့်ကြည့်လာ၏ ... ရှေ့တစ်ခေါက်က သူ့နာမည်ကို မိတ်မဆက်ရသေးဘဲ တန်းခေါ်မိတဲ့ အမှားကို သင်ခန်းစာယူပြီး... ဒီတစ်ခေါက်တော့ ဆေးရုံကို ကားမောင်းလာတဲ့ လမ်းမှာ ၂ယောက်လုံးကို နာမည်မေးလာခဲ့သည် ..

TRIAGE (Myanmar Translation)Where stories live. Discover now