Loop 10 (မဖိတ်ခေါ်ဘဲ) Unicode

987 111 3
                                    

ချစ်သူဖြစ်ခွင့်မရခဲ့လိုက်သူအတွက် အသည်းကွဲနေရခြင်းဆိုတာလည်း ဘဝမှာ ကြုံရတတ်ပါသတဲ့

အခုဆို Tol က ကျနော် ဖုန်းဆက်လည်း မကိုင်တော့ ... ပို့ထားသမျှ Message တွေလည်း Seen တောင် မပြ ..
ကျနော့်ကို လုံး၀ တံခါးပိတ်စနစ် ကျင့်သုံးလိုက်ပြီ ..

ဒီနေ့ဟာ Tol မသေဆုံးခင် ၄ရက်အလို ..
Tolက Mai ကို ချစ်ခွင့်မပန်ခင် ၃ရက်အလို ...

Tol နဲ့ ကျနော့် ကြားက ဆက်ဆံရေးဟာ တဖြည်းဖြည်း တိုးတက်လာနေရမယ့်အစား .. လုံးဝပျက်စီးသွားပြီ .. အခု ရောက်နေတဲ့ အချိန်စက်ကွင်းကနေ ထွက်ပြီး .. နောက်တစ်ခါ အသစ်ပြန်စရင် ကောင်းမလား ကျနော် တွေးမိတယ် ..
ဒါပေမယ့် .. ဒါက မဖြစ်နို်င်လောက် ...
ရှေ့မှာ ကြုံခဲ့ရသလောက် Tol သေဆုံးပြီးမှသာ .. ကျနော် စက်ကွင်းကို တဖန်ပြန်စလို့ ရခဲ့သည်ချည်းသာ.. ဒီငါးရက်အတွင်း ကျနော် ဆေးရုံမှာရော ကွန်ဒိုမှာပါ အိပ်စက်ခြင်းတွေ ပြုခဲ့ပေမယ့် စက်ကွင်း ပြန်မစခဲ့သည်က သက်သေပင် ..

ကျနော် ဘာကိုပဲ ပြန်လုပ်ချင်သည် ပြုပြင်ချင်သည်ဖြစ်စေ .. Tol အသက်ဆုံးသွားသည်ကိုတော့ အခေါက်တိုင်း ကိုယ်တိုင် မျက်မြင်ပြီးမှ ဖြစ်နိုင်ပေလိမ့်မည် ..
ရက်စက်တဲ့ ကံကြမ္မာက ဒီဆိုးဝါးတဲ့ ခံစားချက်ကြီးကို ဘယ်နှစ်ခေါက်များ ကျနော့်ကို ဖြတ်ကျော်ခိုင်းနေဦးမှာလဲ ... ဒီတစ်ခေါက်လည်း ကျနော် ဘာမှ မတတ်နိုင်လိုက်ဘဲ သူ့ကို လက်လွှတ်လိုက်ရဦးမှာလား..

စိတ်ရောကိုယ်ပါ ချုံးချုံးကျနေပေမယ့်  ကျနော့်ရဲ့တာဝန်သိစိတ်ကတော့ Duty Coat ၀တ်လျက်သားနဲ့ ER ရဲ့ စစ်တလင်းထဲမှာပဲ နေဖို့ကို ရွေးချယ်ထားပြန်တယ် ... အလုပ်များနေတော့ အသည်းကွဲတာ သက်သာတယ် .. ကျနော် ခွင့်မယူဖြစ်တော့ ကျန်တဲ့ တာဝန်ခံတွေလည်း ၀န်မပိတော့ဘူးပေါ့ ..

သို့ပေမယ့် ... Tol ဆီ စိတ်ရောက်သွားတိုင်းတော့ ရင်ဘတ်တစ်ခုလုံးနာကျင်နေရပြန်၏ .. မလာပါနဲ့တော့ ကလေးရယ် ...
သွေးသံရဲရဲ နာကျင်နေတဲ့ ပုံလေးနဲ့ Phi ရှေ့ကို ထပ်မရောက်လာပါနဲ့ ...

မနက်ဆိုင်းတာဝန်ချိန် ပြီးတော့ ကျနော့် အရမ်း နွမ်းနယ်နေတဲ့ အခြေအနေမျိုးနဲ့ ER ကနေ ထွက်လာခဲ့တယ် .. တစ်ညလုံး အသေကောင်ရုပ်နဲ့ အလုပ်လုပ်ထားပြီးနောက်တော့ ကွန်ဒိုကို ပြန်ပြီး Sibraနဲ့ ဖက်အိပ်ကြဖို့က ကျနော် အလိုချင်ဆုံး ဆန္ဒပါပဲ ..
Tolကိုတွေ့ပြီး နောက်ပိုင်း Sibra က ကျနော့်ကို လုံလောက်တဲ့ နွေးထွေးဖြေသိမ့်မှု မပေးနိုင်တော့တာ သေချာနေပေမယ့်ပေါ့လေ

TRIAGE (Myanmar Translation)Where stories live. Discover now