"Oh .. hoh .. မင်း ဘယ်လိုတွေတောင် အိုက်တင်ကောင်းနေတာလဲ ... Tinh ...
ပါချုပ် မာမားလက်ထဲက ဒီလို လွတ်အောင် ပြေးနိုင်တယ်ဆိုတာ ရာဇဝင်မှာမရှိခဲ့ဘူး .. ...မာမားက မကြည့်ရက်ဖြစ်ပြီး Presentation ကို ဘာမှကို မဝေဖန်တော့တာနော် .. မင်းရဲ့ လူသေကောင်ယောင်ဆောင်နည်းလေး ဘာလေး ငါတို့လည်း မျှပါဦး ... ရုပ်ကလည်း စုတ်ပြတ်ပြီး ဖြူဖျော့နေတာပဲ .."Conference ခန်းထဲက ထွက်လာချိန်မှာ Sing က ကျနော့်နောက်ကနေ သိုင်းဖက်လိုက်ကာ နှစ်ယောက်တူတူ ER သို့ လမ်းပြန်လျှောက်လာကြခြင်းဖြစ်သည် ...
ဒီတစ်ခေါက်မှာ ကျနော် မူးလဲချင်ယောင်ဆောင်ဖို့ မကြိုးစားတော့ဘဲ presentation ကို အကောင်းဆုံး ဖြစ်အောင် လုပ်နိုင်ခဲ့သည်
ဖြစ်ချင်တော့ ကျောင်းသားဘဝတည်းက ဘယ်လောက်တော်တော် အပြစ်ရအောင်ရှာနေကျ ပါချုပ်မားမား ကျနော့်ကို 'ပင်ပန်းသွားပြီ' လို့ တစ်ခွန်းတည်း ပြောသွားလို့ ဒီကောင် မကျေမချမ်းဖြစ်နေတာ"မှန်းစမ်း ... အနီးကပ်ကြည့်တော့ သိပ်အခြေအနေ အဆိုးကြီး မဟုတ်ပါဘူး .. ငါတွေ့ဖူးသမျှထဲတော့ ဒီလူသေကောင်လေးက အချောဆုံးပဲ ..."
Ai'Sing က ပုခုံးဖက်ထားရင်းနဲ့မှ ကျန်တဲ့ လက်တစ်ဖက်ကနေ ကျနော့် မေးစေ့ကို လိုက်ဆွဲနေလို့ ...
"မင်း လက်တွေ ဖယ်စမ်းပါ ... အချောဆုံးက ငါမဟုတ်ဘူး .. ရင်ခွဲရုံထဲမှာ အချောဆုံးကောင်တွေ..မင်းကို စောင့်နေကြသေးတယ် ..လိုက်သွားတော့"
အရင်လို သူနဲ့ ပြန်မစနောက်ဘဲ .. ပေစောင်းစောင်း လုပ်နေတဲ့ ကျနော့်ကို Ai'Sing က အနားတိုး ကြည့်လိုက်ပြီး ..
"Awww.... ကလေးက ပင်ပန်းပြီး နားချင်နေတာလား .. ..နားနား ... ငါ မင်းနဲ့ အဆိုင်းချင်း လဲပေးထားတာလည်း မေ့မနေနဲ့ဦး ... ပြီးတော့ ... ငါနဲ့ Nong Pin ရုပ်ရှင်ကြည့်ဖို့က လာမယ့် စနေကို အတွဲခုံနဲ့နော် ..."
"အေးပါကွာ .. ငါ မမေ့ပါဘူး ... နက်ဖြန်ခါ ကျိန်းသေ booking လုပ်ပေးမယ် ..."
"မင်း ဘာဖြစ်နေတာလဲ Ai'Tinh ... ငါ ကြည့်နေတာ မင်း ရုပ်က တစ်ချက်တောင် မလန်းဘူး .. မင်း အသည်းကွဲနေတာလား ...."
"ဘာလို့ ငါက အသည်းကွဲရမှာလဲ! .."
"ဟေ့ကောင် Ai'Tinh ... ... ငါ ဒီစကားလေးပြောမိတာ မင်း ငါ့ကို ဆောင့်တွန်းဖို့အထိ လိုလား.."
YOU ARE READING
TRIAGE (Myanmar Translation)
Mystery / ThrillerSummary "လူနာ တစ်ယောက်ရဲ့ အသက်ကို မကယ်နိုင်ခဲ့ဘူး " ဆိုတဲ့ အခြေအနေဟာ အရေးပေါ်ခန်းကို ကိုယ့်အိမ်ကိုယ်ရာလို နေသားကျနေတဲ့ ဆရာဝန်တစ်ယောက်အတွက် သာမန်ပဲ ပြီးသွားတာမျိုး မဟုတ်လား တစ်ခေါက်မှာတော့ သူဟာ လူနာတစ်ယောက်အတွက် လက်လွန်သွားပြီးသား အခြေအနေတစ်ခုကို...