couple-1

13.3K 541 14
                                    

Zawgyi 

  (ဝေ့ရင်း နဲ့ လန့်ကျန့်)

Ring! Ring!

''ဟဲလို''

မနက်မိုးလင်း ပထမဆုံးကြားရသည့်က ဖုန်းမြည့်သံ...။

''ဝေ့ရင်း ကျောင်းသွားရမယ်လေ ထတော့ ''

ဝေ့ရင်းမှာ အိပ်ရာ ထဲက မထနိုင် ဟိုလိမ့် ဒီလိမ့်ကာ ဖြစ်နေသည်..။ မျက်လုံးသည်လည်း ပွင့်တစ်ချက် မပွင့်တစ်ချက်..။

''အမ် ဘယ်နာရီ ရှိလို့လဲ လန့်ကျန့် စောကြီး''

'' ဝေ့ရင်း နာရီမရှိလို့ ဘာမေးနေတာလား ထတော့ကွာ ငါအတန်းထဲ ရောက်လို့ မင်းမရောက်သေးရင် မင်းနဲ့ တစ်နေ့လုံး စကားမပြောဘူး''

ဖုန်းချသွားသည်..။ ဝေ့ရင်း၏ ပြန်စာ စကားကိုတောင် နားမထောင်..။

ဖုန်းလေးကို ပြန်ကြည့်ကာ ၈နာရီ...။

''ဘာ ၈နာရီ ကွ''

ကျောင်းချိန်သည်က ၉နာရီ အရောက်ပေ..။

''သေရော သေရော ကွာ''

အိပ်ရာ ခင်းပေါ်မှ အမြန်ထကာ ရေချိုးခန်းထဲ ၀င် ရေလက်သန့်စင်လိုက်သည်..။

ရေချိုးခန်းထဲက ထွက်လာ အပြီး နာရီသည်ကာ..း။

''၈နာရီ ၁၅ ဟိုက် ဘာလို့ အချိန်တွေက မြန်နေတာလဲ ခွေးကောင် ကျန်းချန် ငါကို လာမနိုးဘူး''

ကျန်းချန်းအား ကြိမ်းဝါးနေမိသည်..။ ကျန်းချန်ကို ကြိမ်းဝါးနေလို့လည်း အခုကိစ္စက ပြီးသည်က မဟုတ်..။ ကျောင်းဝတ်စုံ ဖရိုဖရဲဖြင့်အမြန်ဝတ်ကာ အိမ်အောက်ထပ်ကို ဆင်းလာသည်..။

မီးဖိုချောင်းတွင် .. အမ...။

''အမ ကျန်းချန်ရော''

အမသည်က လုပ်လက်စ အလုပ်ကိုပစ်ကာ ဝေ့ရင်း စကားကို ပြန်ဖြေလိုက်သည်..။

''ဝေ့ရင်း အခုမှ ထတာလား ကျန်းချန်က ထွက်သွားတာ ကြာပြီး''

Couple goal..(zawgyi And Unicode)Where stories live. Discover now