couple 2

5.3K 245 4
                                    

   zawgyi

(ကျင်းကွမ်ယောင် နဲံ လန်ရှိချန်)

ကျင်းကွမ်းယောင် သည်ကား စေ့စေ့စပ်စပ် နဲ့ ဘယ်အရာ ကို မဆို အလေးအနက် နဲ့ လုပ်တတ်သူ ဖြစ်သည်။ လန်ရှိချန်သည်လည်း ကျင်းကွမ်းယောင်နဲ့ မနိမ့်လွန် မမြင့်လွန်ပေ။

''ဟဲ့ရောင် တွေ ဟိုမှာကြည့်လေ  သူဌေးနား ကပ်နေတဲ့ သူတောင်းစားတွေ လေးကွ''

ထိုသူ ပြလိုက်သော နေရာ သည် ကျင်းကွမ်းယောင် နဲ့ လန်ရှိချန်တို့ တူတူ လမ်းလျှောက်လာလေသည်။

ထို့သိုသော တစ်စုံတစ်ရာ အသံကို ကျင်းကွမ်းယောင် ကြားလိုက်သည်။  ကျင်းကွမ်းယောင်ကို စောင်းပြောနေမှန်းလည်း သိသည်။ ထိုသူ တို့ရှေ့ ဖြတ်လျှောက်မိ၏။  လန်ရှိချန် ပါနေ၍သာ ဒေါသ ကို မနည်း ထိန်းထားရသည်။

''အနူလက် နဲ့ ရွှေခွက် နိုက်ခြင်းတဲ့ သူဆိုတာ ဒါမျိုးတွေ ထင်တယ် ဟား  ဟား ဟား....''

ကျင်းကွမ်းယောင်သည်ကာလက်သီး ကျစ်ကျစ် ဆုတ်လိုက် ပြီး နောက်ကြောင်း ပြန်လှည့် လိုက်သည်။ ပြောသူ၏ အင်္ကျီကော်လံ ကိုကိုင်ကာ လက်သီးရွယ်လျှက်ရှိနေသည်။

ထိုးမည့်ဆဲဆဲ အချိန် လန်ရှိချန် ၀င်တားလိုက်သည်။ ထိုမှသာ ကျင်းကွမ်းယောင်၏ ဒေါသ များ အနည်းငယ် ပြေလျော့သွားသည်။ ကျင်းကွမ်းယောင် သက်ပြင်း ပြင်းပြင်း တစ်ချက် ချလိုက်သည်။

ကော်လံ ပေါ်က လက်တွေကို ဖြေလျော့ ကာ ခေါင်း ငုတ် လိုက်သည်..။ ဒေါသများလည်း လွှင့်ပျောက်သွားသည်။

''ငါ တောင်းပန်တယ် ငါဒေါသတွေကို မထိန်းနိုင်လွို မင်းကိုထိုး ဖို့ ထိ ရည်ရွယ်လိုက်တာပါ ''

ကျင်းကွမ်းယောင်သည်ကာ အေးဆေးသော လေသံဖြင့် ပြေပြေ ပြစ်ပြစ် ပြောနိုင်စွမ်းရှိသည်။

တောင်းပန် ခံရသည့်တစ်ဖက်သူလည်း မျက်လုံးပြူးလျှက်ရှိနေသည်။

''တောင်းပန်စရာမလိုပါဘူး ကျွန်တော်ကသာ စကားကို မဆင်မခြင်ပြောလိုက်တာ ပါ ကျွန်တော်တို့မှားတာပါ''

တစ်ဖက်ကလည်း ကျေကျေနက်နက် တောင်းပန်သည့်အခါ ပြသာနာတွေက ဖြေလျော့သွားသည်။ ကျင်းကွမ်းယောင် ဘေး တွင် ရပ်နေသော လန်ရှိချန် သည် အပြုံ ပန်းတွေ ပန်ဆင် ကာဖြင့်...။

Couple goal..(zawgyi And Unicode)Where stories live. Discover now