Zawgyi
အတည်ငြိမ်ဆုံးသော ဆရာချစ် တပည့်လေးက စာထဲ စိတ်မပါမှန်းသိနေသည်။လန်ရှိရမ် အနေနဲ့ တခြားသော ကိစ္စတွေကို ၀င်မပါလို။
'' ဒီလောက်ဘဲ...''
အတန်း ပြီးတော့ အမြဲ တူတူ လျှောက်သွားခဲ့ဖူးတဲ့ လမ်းလေးက အခုတော့မှောင်ကုတ်နေသည်။
ထိုင်နေကျ ကန်တင်းလေးကလည်း လူတွေက ရှင်းနေသည်။ အရင်လို့ ဟိုနေရာ လုထိုင် ဒီနေရာ လုထိုင်စရာ မလို။
သူနဲ့ ခွဲခွာလိုက်ရသည့် နေရာလေးက်ု နောက်တစ်ခါ ပြန်မသွား။ အမှတ်ရခြင်းများစွာ နဲ့ ကန်တင်း ရဲ့ တစ်ဝိုင်းစာ စားပွဲ ပေါ်က စားစရာတွေက အရင်ကလောက် မချိုမြိန်တော့။
'' ၀မ်ဂျီ...''
'' အကို ကျင်းကွမ်ယောင်..''
အကို ကို မြင်တော့ ၀မ်းနည်းနေသည့် မျက်နှာလေးကို အနည်းငယ် ဖုံးကွယ်လိုက်သည်။ အပျော်သာ ကူးစက်စေမည်။ ၀မ်းနည်းမူကိုောတ့ မကူးစက်စေလို။
တိတ်ဆိတ်နေသည့် စားပွဲ ၀ိုင်းလေးထက် အကိုရှိချန်နဲ့ ကျင်းကွမ်းယောင် လာသည့်အထိ လူရှိသော်လည်း တိတ်ဆိတ်နေဆဲ...။
'' ၀မ်ဂျီ မှာထားတာတွေ စားလေ ၀မ်ဂျီများများစား မှ အကို နဲ့ အားလဲရင် နိုင်မှာပေါ့...''
ကလေးဆိုးလေးပမာ ချော့မြူးတတ်သည့် အကို တစ်ယောက် ရှိနေလို့ ဘ၀ တစ်စိတ်တစ်ပိုင်းက မလဲပြို။
'' ဟန်ကွမ်းကျင်း ဘာမှ တွေးမနေနဲ့ ရောက်တဲ့ နေရာမှာ ပျော်အောင်နေ..''
အမြဲတူတူ ထိုင်လေ့ရှိတဲ့ ကျင်းကွမ်းယောင်နဲ့ လန်ရှိချန်က ဒီနေ့တော့မျက်နှာချင်းဆိုင် ထိုင်သည်။
လန့်ကျန်ဘေး လန်ရှိချန် က တသွတ်သွတ် ပြောနေမှ ကလေးဆိုးလေးက အစားကို ၀င်အောင်စားသည်။
ပိန်လာတာ များ။ အရင်ကနှင့် မတူ။
စိတ်ဖီစီးမူတွေများတာလား လူမသိအောင် ကြိတ်ခံစားတတ်တာလား မသိ အရင်ကထက် မျက်နှာလေးက ချောင်းကျသွားသည်။ဘာအကြောင်းလဲ ဆိုတာ လန့်ကျန့်ဘေး ဘယ်သူမှ မရှိတာနဲ့တင် သိနိုင်သည်။ အရင်ကတည်းက ကြည့်မရအောင် တပူးပူးနေတတ်တဲ့ သူတစ်ယောက်က ဘေးနားမှာ မရှိ။
YOU ARE READING
Couple goal..(zawgyi And Unicode)
Fanfictionအခုခေတ် အမြင်လေးတွေနဲံ..ရေးသားထားပါတယ်နော်...😚😚