couple 8

1.9K 213 41
                                    

Zawgyi

ဝေ့ရင်းကို စိတ်ဆိုးနေမိသည်။ အရင်ကဆို ဝေ့ရင်းနဲ့ စိတ်ဆိုးတိုင်း လန့်ကျန့်တာ အမြဲ အလျော့ပေးလေ့ရှိသည်။

အခုအတိုင်းအတာက တဖြည်းဖြည်းလွန်လာသည်။ လန့်ကျန့်မရောက်ဖြစ်ခဲ့ သည် ရက်တွေအတွင်း ဝေ့ရင်း ဖုန်းတစ်ချက်မဆက်။

သူဆီမနေနိုင်မထိုင်နိုင်သွားပြန်တော့လည်း အိမ်မှာ  မရှိ။

မှတ်တိုင်တွင် ဖြစ်သည်။

ဒီနေ့မှတ်တိုင်က လူနည်းနည်းများသည်။

'' ဟေ ဟိုက ကောင်မလေးက အချောလေး ဘဲ...  သူဘေးက ဘဲနာကြီးက အချေပါလား...''

လန့်ကျန့်ဘေး ကောင်လေးတွေ၏ စကား မှတ်တိုင်က ထိုင်ခုံလေးထက်မှ ထိုင်နေသည့်လန့်ကျန်။

လူတွေက မှတ်တိုင်နေရာလေးမှာ ပို့လို ပုံလာပြီ။ လန့်ကျန်ရှေ့မှာလည်း ကားအလာကိုတောင်မမြင်ရတဲ့ အထိ လူတွေကွယ်နေသည်။

'' အဲတာ ဝေ့၀ူရှန်မလား...''

ဝေ့၀ူရှန်ဆိုသည့် အသံကြားမှ ယုန်မဲလေးကို သတိရမိသည်။ သူများလား ဆိုသည့်အတွေးနဲ့ ထိုကောင်လေးတွေနောက်က ချောင်းကြည့်မိသည်။ ချောင်းကြည့်ရတာ ၀ါသနာ မပါသည့် လန်ကျန် တစ်ယောက်  ဒီတစ်ခါတော့ တော်တော် ပေါက်သွားပြီ။

'' ဝေ့ရင်း .'' ဆိုပြီ ပါးစပ်ဖျားနားက လူမသိအောင် ရေရွက်မိသည်။

မိမိရှေ့တစ်ယောက်ကျော်မှာ သူတို့သာ။ ဝေ့ရင်းနဲ့ သူကိုကားတိုက်သွားတဲ့ကောင်မလေး...။

ပြုံးရယ်နေလိုက်တာ နောက်မှာ လန့်ကျန်ပါတာ တောင် မစဉ်းစားမိဘူး။

'' ကိုကို ....  သဲတို့ ဘယ်သွားမလဲ..''

ခပ်ချွဲချွဲ အသံလေးနဲ့ သူမ က ပိုင်ဆိုးပိုင်နက် ဝေ့ရင်းလက်ကို တွဲထားသေးသည်။
ဒေါသ ဖြစ်ခြင်းစိတ်တွေက အလိုလို ပေါင်လာသည်။ ထိုချိန် ဦးလေး ပြဌာန်းထားတဲ့ စည်းကမ်းတွေလည်း နားမလည်တော့။

'' တစ်နေရာရာ ပေါ့..''

ဒီအပြုံးတွေက လန့်ကျန်တစ်ယောက်တည်း အတွက်လို့ ထင်ခဲ့သည်။ အခုတော့ တခြားသူကိုပါ ဝေမျှပေးနေရသည်။  တစ်ယောက်တည်း ပိုင်ဆိုင်နေသည့်လို့ ထင်ထားတဲ့ အရာက အချိန်တိုတိုအတွင်း ပျောက်ကွယ်သွားသည်။

Couple goal..(zawgyi And Unicode)Where stories live. Discover now