couple 10

1.9K 137 4
                                    

Zawgyi

ခန်းမ ဆောင် တစ်ခုလုံးက ပန်းမျိုးစုံတို့၏ အလှ နဲ့ ပြည့်စုံနေသည်။

'' အဲဒီ ပန်းအိုးလေး ဒီနားမှာချလိုက်... ဟိုတစ်ကောင် ဒီဘက်နည်းနည်း တိုး..''

ကောင်လေးတစ်ယောက်က အဖြူရောင် ၀တ်လွှာ လေနဲ့ ခန်းမ၏ လှ ပမူကို ဖော်ကျူးနေသည်။

ပန်းတို့၏ အလှ နဲ့ ခန်းမ က တင့်တယ်နေပြီ။

စားပွဲ ၀ိုင်း တွေကလည်း သပ်သပ်ရပ်ရပ်။

လူတစ်ယောက်က ဒမိုင်းရူးရိုး ၀င်ချလာသည်။

သူရဲ့ အရိုန်ကြောင့် ပန်းအိုးလေးကို ရုတ်တရက် တိုက်မိသွားသည်။

ကျကွဲသံလေးက တစ်ခန်းလုံးရဲ့ ဆူညံမူတစ်စုံကို တိတ်ဆိတ်သွားသည်။

ထိုသူ လှမ်းကြည့်မိတော့။

ကောဇောတွေ ထက်မှာ ဖန်အိုးကွဲတွေနဲ့ နေရာယူသွားသည်။ထိုးထားသည့် နှင်းဆီ နီတို့ကလည်း ကြမ်းပြင်ပေါ် လဲကျနေသည်။

''.. ဘယ်လို လုပ်လိုက်တာလဲ..''

ဖန်ကွဲတွေပြည့်နေသည့် နေရာအတွင်း။

'' ကျွန်တော် တောင်းပန်ပါတယ် ဆရာလေး ရယ်.. မတော်လို့ပါ. တောင်းပန်ပါတယ်.''

ရွယ်ယမ်ဆိုသည့် သူက အမြဲတိုင်း မတော်လို့ မသိလိုက်လို့ ဆိုတဲံ စကားကို လွယ်လွယ်ထွက်တယ် ပုကျိတောက်နဲ့ များ အမျိုးတွေလားလို့ ထင်မိလိမ့်မည်။

'' ရွယ်ယမ် ဒီပန်းအိုးကို မင်းက မတော်လို့ တိုက်မိပေမဲ့ ဒီပန်းအိုးကို ဒီနေရာမှာ ဒီလို ခန်းမရဲ့ အလှဆုံး ရပ်တည်နိုင်အောင် ကြိုးစားထားတဲ့ သူတွေအတွက် တောင်းပန်ပါတယ်လို့ လွယ်လွယ် ပြောထွက်သေးတယ်နော်.ရွယ်ယမ်..''

သူခများ အဆူ ခံရသည့် တပည့်အလား ငြိမ်ကုတ်သွားသည်။

'' တကယ့်ပါ.. ကျွန်တော်.. ဆရာလေး ခိုင်းထားတဲ့ စာရင်းတွေကို အလောတကြီး လာပေးမိလို့ပါ... ''

'' နောက်ဆုံးတော့ ငါကြောင့်ပေါ့ ရွယ်ယမ်.''

'' အမ် မဟုတ်ပါဘူး.. ကျွန်တော်... အမှားပါ ရော့ ဒီမှာ ဖိုင်လေးပါ ဒိနေ့ည အပြီးလုပ်ထားတာပါ  ဆရာလေး ဒီနေ့ အပြီး ယူမယ်ဆိုလို့...''

Couple goal..(zawgyi And Unicode)Where stories live. Discover now