couple 12

1.5K 76 14
                                    

Zawgyi






တစ်ရက်သာ နေခွင့်လေးတောင်းခဲ့ပေမဲ့တစ်သက်သာ နေချင်ခဲ့တာတော့အမှန်ပါရယ်။

ကံကောင်းရင် ဆင်းရဲသားတောင် သူဌေးနဲ့ငြားနိုင်သေးတာဘဲ ။ အခုရော မနီးစပ်စရာဘယ်ရှိအုံးမလဲ။ ပထမတော့ မူးလို့အိမ်ခေါ်တယ် ဒုတိယ ဘာမှမပြောဘဲ နေခွင့်ပြုတယ်။ တတိယ ဓာတ်ပုံ သေချာနေပါပြီလို့ တွေးပေမဲ့ ဆရာလေးစိတ်ကို အတော်လေး ခန့်မှန်းရခက်သညါ။

အတည်မယူဆနိုင်သေးပေမဲ့ ယူဆနိုင်လောက်သည့်ပထိတော့ ကြိုးစာအားထုတ်မူဆိုတာ ရှိအုံးမှ။

ညနေတောင် စောင်းနေပြီ နေတောင်ဝင်လို့ မှောင်စပြုနေပြီ။ ဆရာလေးခုထိ ပြန်မလာသေးဘူး။ ဆရာလေးအိပ်မှာနေ တနေ့ကုန် အလကားရသမျှ စိတ်ကူးယဉ်ရင် Tvကြည့်နေရတဲ့feelလေက အရင်ကထက်တော့ကြည်နူးမိသည်။

အတွေးထဲ မြောနေတာလေးက သိမ့်ကို ကြည်နူးစရာလေး စိတ်ကူးလေးသာ ဖြစ်လို့ အတည်ဖြစ်ဖို့အရေး တွေးရင်ကြောက်နေမိတာတော့အမှန်။

ရုတ်တရက် တံခါးခေါက်သံကြားလိုက်ရ၏။ အလျင်အမြန် ခြေလှမ်းကိုစတင်ရင် " ဆရာလေး " ဆိုတဲ့အသိလေးနဲ့ တံခါးဝ နားထိ ရောက်လာခဲ့သည်။ မျှော်လင့်နေတာ လည်ပင်း‌ရှည်လို့ သစ်ကုလားအုတ်ကပင် အဖေေ ခ်ါရလောက်တော့၏။

ပျော်ရွင်သည် မျက်နှာက အစ တတ်ကြွနေသည့် ခံစားချက်တွေအဆုံး တံခါးဝ သို့ကောက်လာ၏။

တံခါးဖွင့်ကြည့်တော့ ကြည်လင်သော မျက်နှာ တဝိုက်က .......

" ဆရာလေး "

ဆရာလေးဖြစ်ပေမဲ့ သူဘေးနားကပါလာသူကြောင့်နဲ့ တွေးချင်ရာ တွေး အတွေးတွေကမျှော်လင့်ချက်မဲ့လာပြီ။ မဆုံးရူံးချင်သည့် အတွေးကို လိုက်လို့ ဖမ်းနေလည်း ဘယ်ထူးတော့မလဲ။ အပြင်လူဆိုတာ သာမန် လူတွေနဲ့ အခြားပါဘူး။။။။

ပြုံးရွင်နေသည့်မျက်နှာ က ရုတ်တရက်‌ပြောင်းလဲသွားတာ သတိထားမိသည့်အလျှောက် ။ ။

" ဘာကြောင်ကြည့်နေတာလဲ "

" မဟုတ်ပါဘူး "

ဆုံလန်မှာ အနိုင်ရသည့် မျက်ဝန်းတွေနဲ့ကြည့်နေလေ၏။ ထ ထိုးချင်ပေမဲ့ ဆရာလေး ကိုထပ်ပြီး စိတ်ဆင်းမရဲစေချင်တော့။ မိမိကြောင့် ဖြစ်ခဲ့သမျှ အရာ အားလုံးကိုတောင်းပန်သင့်တာတော့ အမှန်ပါ။

You've reached the end of published parts.

⏰ Last updated: Jan 19, 2020 ⏰

Add this story to your Library to get notified about new parts!

Couple goal..(zawgyi And Unicode)Where stories live. Discover now