Prologue

1.4K 89 1
                                    

Unicode

ဖြောက် ဖြောက်
🌨🌨🌨☔️

ဟော မိုးစရွာပြီ။
တီးလက်စ တယောလေးကို ဘေးချပြီး
မိုးစက်လေးတွေကို ငေးကြည့်မိတယ်။
မိုးစက်တွေကို သူချစ်တယ်။

သူတို့က သိပ်လွတ်လပ်တာပဲ ။
အနှောင်အဖွဲ့မရှိ၊ အတားအဆီးမရှိ ၊
ဘယ်နေရာမှာမဆို လွတ်လပ်စွာ
ကျဆင်း ပျော်မြူးခွင့်ရှိတယ်
ပြီးတော့
မြေသင်းနံ့ရဲ့ အဓိက ပဲ့ကိုင်ရှင်လည်း ဖြစ်တယ်။
စိမ်းစိုခြင်းရဲ့ သခင်လည်းဖြစ်တယ်။
တောင်သူဦးကြီးတွေရဲ့ အချစ်တော်လည်း ဖြစ်တယ်။
ကဲ ....မိုးရဲ့ ဘဝ ဘယ်လောက်တောင် ကောင်းလိုက်လဲ။

ဒါဆိုရင်
.
.
သူကျတော့ရော..............

သူကတော့ တိမ်လိုလူလား??
မိုးစက်လေးတွေရဲ့ ဖြစ်တည်မှုအတွက်
အဓိကကျတဲ့ အရာတစ်ခုဖြစ်ပေမယ့်၊
အသုံးချခံ တစ်ခုအနေနဲ့ပဲ ပြီးဆုံးသွားတတ်တဲ့
အမေ့ခံ လူသားတစ်ဦးလား??
မိုးတွေရွာခါနီး မည်းမှောင်လာတဲ့ တိမ်စိုင်တွေကို
ပြုံးပြီးကြည့်သူတွေက လက်ချိုးရေလို့ ရသလို၊
စိတ်ပျက်ပျက်နဲ့ ညည်းတွားပြီး စုတ်သပ်နေတဲ့
သူတွေကတော့ ဒုနဲ့ဒေး။
သူကရော စိတ်ပျက်စရာ လူတစ်ယောက် ဖြစ်နေပြီလား??
ပြီးတော့
သူက.......
လေရဲ့ စေညွှန်ရာ လိုက်ပါရင်း
ကိုယ်ပိုင်လမ်းတွေ ပျောက်ဆုံးသွားတဲ့
တိမ်စိုင်နဲ့ တူနေပြီလား????????

တစ်ခါတလေတော့လည်း မိုးစက်တွေလို
အပူအပင်ကင်းကင်းနဲ့ လွတ်လွတ်လပ်လပ်
မြေပြင်ပေါ်မှာ ကခုန်ကြည့်ဖူးချင်တယ်....................

..........................Browny Cloudy.............................

"ထယ်ယောင်း"

ဒေါသသံပါပါ ကျယ်လောင်လှတဲ့ ခေါ်သံတစ်ခုကြောင့်
သူ့ရဲ့ ခန္ဓာကိုယ်လေး ဆတ်ခနဲ တုန်သွားသည်။

လန့်တာကို နောက်မှထား ၊
ခေါ်သံဆုံးတာနဲ့ တစ်ပြိုင်နက် ထူးတဲ့ အသံလိုက်မှ
ကျေနပ်တဲ့ ဖေဖေ့အကျင့်ကို သိသူပီပီ

"ဗျာ ဖေဖေ"

"ဗျာ ဖေဖေ လုပ်မနေနဲ့၊
တယောဆရာက တစ်နာရီလောက် ဆက်လေ့ကျင့်ပါ
ပြောသွားတာကို ဘာမဟုတ်တဲ့ မိုးစက်တွေကို ထိုင်ငေးပြီး
အချောင်ခိုနေတယ်ပေါ့ ဟုတ်လား?
ငါ့မှာတော့.........................................."

တိမ်စိုင်တွေညိုလာရင် (Browny Cloudy)Where stories live. Discover now