Part 1

4.1K 181 18
                                    

Unicode

နွေရာသီကျောင်းတွေပိတ်ပြီး နောက်တစ်နှစ်အတွက် အတန်းများစတင်ချိန်တွင် SWU တက္ကသိုလ်ဝင်းအတွင်း၌လဲ ကျောင်းသားများဖြင့် စည်နေလျက်ရှိသည်။ထိုအချိန် ဒုတိယနှစ်စအတွက်ကျောင်းဝန်းထဲကို ဝင်လာကြသောကောင်လေး လေးယောက်ကြောင့် ကျောင်းတွင်းရှိမိန်းကလေးသာမက ယောကျာ်းလေးများပါလှည့်ကြည့်လာကြသည်။ထိုလေးယောက်သည် King ဟူ၍သတ်သတ်မှတ်မှတ်ဘွဲ့မျိုးမရှိပေမယ့် တစ်ယောက်တစ်မျိုးဆီမှာ ကြည့်လို့ကောင်း၍ဆွဲဆောင်မှုရှိသည့်အချက်များစွာရှိသည်။

မိတ်ဆက်ရမည်ဆိုလျှင် ပထမဆုံးတစ်ယောက်အနေနှင့် အင်ဂျင်နီယာဌာန၏ ရေခဲတုံးဟု သမုတ်ကြသည့် Perth Tanapon ပင် ဖြစ်သည်။ခပ်တည်တည်နေတတ်သည့် မျက်နှာထားက ယောကျာ်းလေးများအတွက် အမြင်ကတ်စရာကောင်းနေသော်လဲ မိန်းကလေးများအတွက်မူ ထိုတည်ကြည်နေသည့် ​မျက်နှာထားကစွဲမက်စရာပင်။စာတော်သည့်အပြင် ဆရာမတွေ၏အချစ်တော်လေးတစ်ယောက်လဲဖြစ်နေတာကြောင့် အဖွဲ့ထဲတွင် အပြည့်စုံဆုံးကောင်လေးတစ်ယောက်အဖြစ် လူအများကသတ်မှတ်ကြသည်။

ဒုတိယတစ်ယောက်ကတော့ အဖွဲ့ထဲတွင် အသေးဆုံးနဲ့ ချစ်စရာအကောင်းဆုံးဖြစ်သည့်အပြင် စီနီယာမမတွေ၏ အသဲနှလုံးကိုဖမ်းယူထားနိုင်သည့် Plan ဖြစ်သည်။ပါးဖောင်းဖောင်းလေးတွေနှင့် သွက်လက်သည့် သွင်ပြင်က သူ့ဆွဲဆောင်မှုရဲ့အားသာချက်ဟုဆိုနိုင်ပေမယ့် စီနီယာအကိုတွေအတွက်တော့ အနည်းငယ် မျက်စိနောက်စရာကောင်လေးဖြစ်သည်။

တတိယတစ်ယောက်မှာတော့ Ping ဖြစ်သည်။အနေအေးပြီး ဖော်ရွေကာ ချိုသာယဥ်ကျေးသည့်ကောင်လေးအဖြစ် သူတို့အဖွဲ့ထဲတွင် သတ်မှတ်ခံရသည်။

နောက်ဆုံးတစ်ယောက်ကတော့ အဖွဲ့ကိုတက်ကြွအောင်အလုပ်ပေးဆုံး၊ အဖွဲ့၏လူရွှင်တော်တဏှာရူးကောင်ဟု ခေါ်ဆိုကြသည့် Pond ပင်ဖြစ်သည်။

ထိုလေးယောက်ကိုတစုတစည်းတည်းတွေ့ရချိန်မှာ ရှားတာကြောင့် ယခုလို လေးယောက်တွဲပြီးဝင်လာချိန်တွင် ကျောင်းဝန်းထဲရှိအာရုံအလုံးစုံက သူတို့ဆီကျရောက်လို့နေလေသည်။

Be My Boyfriend(Completed)Where stories live. Discover now