Part 7

1.9K 168 34
                                    

Unicode

အမှောင်အတိဖုံးလွှမ်းနေသည့် ပတ်ဝန်းကျင်ထဲ Saint တစ်ယောက်စမ်းတဝါးဝါးနဲ့ဘေးဘီကိုကြည့်ရင်း လျှောက်လာနေလေသည်။ဘယ်ကိုဦးတည်နေမှန်းမသိသော်လဲ ရှေ့ကိုသာဆက်လျှောက်နေဆဲ။

"Perth..! Perth!"

အနည်းငယ်ခြောက်ခြားလာသောစိတ်ကြောင့် Perth နာမည်ကိုအော်ခေါ်မိတော့ ထူးသံကနတ္ထိ။

"Perth.. မင်းဘယ်မှာလဲ ငါကြောက်တယ်"

ဆောင့်ကြောင့်လေးထိုင်ကာ ဒူးနှစ်ဖက်ကိုပိုက်ထားရင်း ဘာလုပ်ရမလဲတွေးနေစဥ် ဘေးနားမှဖြတ်လျှောက်သွားသော တစ်စုံတစ်ယောက်ကြောင့် Saint မော့ကြည့်မိသည်။

တစ်ချက်မှလှည့်မကြည့်ပဲ Saint ကိုကျော်ကာလျှောက်သွားသည့် ထိုကျောပြင်ကျယ်ကို Saint သိတာပေါ့။

"Perth! Perth.. နေပါအုံး ငါ့ကိုစောင့်ပါအုံး"

ခေါ်နေသော်လဲ သူ့လမ်းသူဆက်လျှောက်နေသည့်လူကို Saint မှီအောင်ပြေးလိုက်ပြီး လက်ကိုဖမ်းဆွဲလိုက်ရသည်။

"Perth ငါခေါ်နေတယ်လေ"

​ကိုင်ထားသည့်လက်ကိုဆွဲကာလှည့်လိုက်တော့ မျက်မှောင်များကျုံ့လျက်နှင့် လှည့်လာသော Perth ကြောင့် Saint နည်းနည်းတောင်တွန့်သွားမိသည်။

"ဘာလဲ ဘာပြောမလို့လဲ မြန်မြန်ပြော ပြီးရင်သွားတော့"

"မင်းငါ့ကို ဘယ်လိုတွေပြောနေတာလဲ"

"ငါစိတ်ကုန်နေပြီ ငါ့ဘဝနဲ့ငါနေချင်တယ် မင်းငါ့ကိုဒီလောက်ပဲနှောင့်ယှက်တော့ Saint"

ဘာ.. Perth အခုဘာပြောလိုက်တာလဲ။ငါက.. ငါကနှောင့်ယှက်နေတယ်တဲ့လား။

Saint ခေါင်းလေးခါရင်း Perth လက်ကို လက်နှစ်ဖက်ဖြင့်ဆွဲကိုင်ထားတော့သည်။

"ဟင့်အင်း နှောင့်ယှက်တာမဟုတ်ဘူး ငါ.. ငါမင်းကိုချစ်တယ် Perth.. ငါ့ကိုမထားခဲ့ပါနဲ့နော် ငါမင်းကိုချစ်တယ်"

"ကျစ်! တော်တော့! မင်းငါ့ကိုချစ်လဲ ငါမင်းကိုမချစ်ဘူး Chompoo ကသာ ငါချစ်တဲ့သူ Saint"

"မင်းငါ့ကိုစိတ်ဆိုးနေလို့ပါ ဟုတ်တယ်မလား Ohm နဲ့ပက်သက်ပြီး ငါ့ကိုစိတ်ဆိုးနေတာပါ ငါသူ့ကိုမချစ်ဘူး ငါဒီတိုင်း.. ဒီတိုင်းသူ့ရုပ်ရည်ပေါ်မှာ စိတ်ကစားမိတာ ငါတကယ်ချစ်တာ မင်းပါ ငါသိပါပြီ ငါ့ကိုမထားခဲ့ပါနဲ့"

Be My Boyfriend(Completed)Dove le storie prendono vita. Scoprilo ora