Part 10

2K 201 27
                                    

Unicode

နေ့စဥ်အကျင့်ပါနေသည့်အတိုင်း မနက် ငါးနာရီထိုးသည်နှင့် Perth နိုးလာတော့သည်။သို့သော် ပုံမှန်နိုးထနေကျ မနက်ခင်းတွေထက် ယနေ့နံနက်က ခံစားချက်ပိုကောင်းလို့နေသည်။မျက်လုံးတွေပြန်မှိတ်ကာ ရင်ခွင်ထဲကကောင်လေးကို အားရအောင် ဖက်ပစ်လိုက်တော့ ခေါင်းလေးတိုးပြီး တအင်းအင်းညည်းလာသည်။

မည်းနက်ပြီးကော့စင်းနေတဲ့ မျက်တောင်လေးတွေ၊
ဖြောင့်စင်းနေတဲ့နှာတံလေး၊ ဆွဲနမ်းချင်စရာကောင်းလှအောင် နီရဲနေသောနှုတ်ခမ်းလေး... ဘယ်နေရာကိုကြည့်ကြည့် အသေးစိတ်အနုပညာဆန်လွန်းသည်။

Perth ကြည့်နေရင်းပင် စိတ်မထိန်းနိုင်တော့ဘဲ Saint၏ ဖြူဖွေးနေသည့်ပါးလေးနှစ်ဖက်ပေါ်တွင်နေရာယူနေသော စိမ်းပြာရောင်သွေးကြောလေးများကို မနာလိုစွာ နမ်းရှိုက်လိုက်သည်။

မင်းအဲ့လောက်ချစ်ဖို့မကောင်းပါနဲ့ ငါစိတ်မချတော့ဘူး Saint..

Perth အရင်ဆိုစောစောထကာ ပြေးတတ်ပေမယ့် ဒီနေ့မနက်တွင်တော့ ရင်ခွင်ထဲက ကောင်လေးက သူ့အားမထသွားရန်ဆွဲနေသလိုပင်။ထို့ကြောင့်ပင် ပြေးမည့်အစီအစဥ်ကိုရုတ်သိမ်းလိုက်ပြီး Perth Saint ကိုပိုတင်းကျပ်စွာ ဖက်လိုက်ကာ ထပ်အိပ်ရန်ကြိုးစားလိုက်သည်။

Plan မျက်လုံးလေးနှစ်လုံးဖွင့်လိုက်တော့ မျက်နှာချင်းဆိုင်လိုက်ရသည်က ကျယ်ပြန့်သည့်ရင်ခွင်။

ညက သူ့ရင်ခွင်ထဲမှာပဲ ဒီလိုအိပ်ပျော်သွားတာပေါ့.. အား !! ရှက်လိုက်တာ

အသာရုန်းပြီးထမလို့ပြင်ပြီးမှ Mean နိုးသွားလိမ့်မည်ဆိုသည့်အတွေးနှင့် မရုန်းဘဲအသာလေးပြန်မှိန်းနေလိုက်သည်။

တင်းကြပ်စွာမလွှတ်တမ်းဖက်ထားသည့်လက်တွေက မြဲလို့။Plan မော့ကြည့်တော့ ထင်းနေသည့်မေးရိုးချွန်ချွန်ကိုအရင်မြင်ရသည်။အတန်ကြာငေးကြည့်နေပြီးမှ ခေါင်းလေးအသာတိုးကာ မေးဖျားလေးကို အနမ်းဖွဖွပေးလိုက်မိသည်။ထိုအချိန်မှာပဲ လှုပ်လာသောလူကြောင့် Plan မှာမလုံမလဲဖြစ်ပြီး မျက်စိမှိတ်ကာ ပြန်အိပ်နေလိုက်ရသည်။

Be My Boyfriend(Completed)Where stories live. Discover now