Part 12

2K 190 33
                                    

Unicode

နိုးထနေကျ မနက်ခင်းတွေနဲ့မတူပဲ မျက်လုံးနှစ်လုံးပွင့်တာနဲ့ ထိုးကိုက်လာသည့်ခေါင်းကြောင့် Perth မျက်လုံးတွေအသာပြန်မှိတ်ထားရသည်။တရှိန်းရှိန်းဖြစ်နေသော ခန္ဓာကိုယ်ကြောင့် ဖျားနေပြီဆိုတာကိုတော့ သတိထားမိသွားသည်။ခဏလောက်ပြန်မှေးရင်း ခေါင်းကိုက်တာသက်သာမှ အားယူကာ မျက်လုံးတွေကိုပြန်ဖွင့်ကြည့်သည်။

ထထိုင်မလို့ အားအပြုမှာ ညာဘက်လက်ကို ဆုပ်ကိုင်ခံထားရသလို ခံစားရလို့ ဘေးကိုကြည့်လိုက်တော့ ကုတင်ပေါ်ခေါင်းလေးတင်ကာ ငုတ်တုတ်လေးအိပ်ပျော်နေသော Saint။

Perth မျက်မှောင်တွေစုကျုံ့သွား၏။

ကုတင်ပေါ်တော့သွားမအိပ်ဘူးကွာ ခါးနာတော့မှာပဲ။

Perth သူ့လက်ကိုဆုပ်ကိုင်ထားသော Saint လက်ကိုအညင်သာဆုံးဖြင့် မနိုးအောင် ဆွဲထုတ်လိုက်သော်လည်း ရှေ့မှအကောင်ပေါက်လေးက လှုပ်လာသည်။

"Sorry Saint ငါ့ကြောင့်နိုးသွားတာလား"

"ရပါတယ် အား.. အာ့"

Saint ပြောရင်းကုတင်ပေါ်မှ ခေါင်းထောင်ကာ ကျောဆန့်လိုက်တော့ ငုတ်တုတ်ထိုင်အိပ်နေရသည့်အတွက် ကျောထံမှနာကျင်မှုတို့က ညည်းမိသည့်ပင် အောင့်တက်သွား၏။

"Saint ရရဲ့လား ဘာလို့ဒီတိုင်းကြီးအိပ်နေရတာလဲ ကုတင်ပေါ်သွားတာမဟုတ်ဘူး"

"ရပါတယ် Perth အဖျားတွေအရမ်းတက်နေလို့ အဲ့ဒါရေပတ်တင်ပေးထားတာ ပြီးတော့ ထပ်တက်မှာဆိုးတာနဲ့ ဒီနားမှာပဲစောင့်ရင်းအိပ်ပျော်သွားလို့"

"ကျေးဇူးပါ Saint ငါ့ကိုဂရုစိုက်ပေးလို့"

"အင်း Perth ဒီနေ့ကျောင်းမသွားနဲ့နော် အတန်းကနေ့လည် တစ်ချိန်ဘဲရှိတယ် အတန်းပြီးတာနဲ့ လေးနာရီလောက်ပြန်လာခဲ့မယ် အခုတော့ ဆေးအရင်သောက်ထားနှင့်"

​Perth ဘေးနားကနေထကာ မီးဖိုခန်းသေးသေးလေးဆီရောက်သွားသော Saint။

"Saint ရလား ငါလာကူမယ်လေ မီးဖိုကမသုံးတာကြာတော့ အသစ်ချည်းသက်သက်ဖြစ်နေတာ"

ပြောရင်း ထဖို့ပြင်တော့ Saint အနားရောက်လာကာ Perth ကိုကုတင်ပေါ်ပြန်လှဲစေသည်။

Be My Boyfriend(Completed)Where stories live. Discover now