Part 13

1.9K 168 20
                                    

Unicode

ဒေါက်.. ဒေါက်

Perth တံခါးခေါက်သံကြောင့် ကုတင်ပေါ်မှထလာကာ တံခါးဖွင့်ပေးလိုက်သည်။

"ဟမ် Chompoo ညီမလေး ယောကျာ်းလေးအဆောင်ကြီးကို ဘာလာလုပ်တာလဲ"

မေးတာကိုအရင်မဖြေပဲ အတင်းတွန်းထိုးပြီး အခန်းထဲဝင်လာလေသည်။တကယ်ပဲ ညီမမို့လို့ပေါ့ ညီသာဆို ပိတ်ခေါက်ထည့်လိုက်ပြီ။

"ကိုကိုနေမကောင်းဘူးဆိုလို့ Chompoo ကြက်စွတ်ပြုတ်ချက်လာပေးတာ အားရှိသွားအောင်သောက်လိုက်လေ Chompoo ထည့်ပေးမယ်"

ပန်းကန်တွေယူကာ ချိုင့်ကိုဖွင့်နေသည့် Chompoo လက်တွေကို Perth အမြန်ပင် လှမ်းတားလိုက်ရသည်။

"Chompoo မထည့်နဲ့တော့ Saint ကကိုကို့အတွက်ဝယ်လာမယ်ထင်တယ် အားတော့နာပါတယ်ကွာ ပြန်ယူသွားလိုက်ပါနော်"

"ဟွန်း ကိုကိုတို့များ အဖြစ်သည်းနေလိုက်တာ ကြားကမနေနိုင်မထိုင်နိုင်စိတ်ပူပေးမိတာတောင်မှားတယ်"

စိတ်ဆိုးမာန်ဆိုးနဲ့ ဆောင့်အောင့်နေသော ကောင်မလေးက Perth အတွက်တော့ တကယ်ကလေးလေးတစ်ယောက်လိုပင်။

"Chompoo ကလိမ်မာပါတယ် ကိုကိုနေကောင်းမှ အိမ်ပြန်လာခဲ့မယ်နော် ဒေါ်လေးတို့ကိုလဲပြောထားလိုက်"

"ဟုတ်ကဲ့ပါ ကိုကိုရယ် ပြောထားလိုက်ပါ့မယ် အခုတော့ ကိုကို့ချစ်ချစ်ဝယ်လာတာပဲစားလိုက်တော့ ဟမ့် Chompoo ပြန်တော့မယ် ယောကျာ်းလေးအဆောင်ဆိုတော့ကြာကြာနေလို့မကောင်းဘူး"

"သိသေးတယ်နော် ရောက်လာလို့ ထုပစ်ချင်နေတာ မြန်မြန်ပြန်တော့"

Chompoo ထွက်သွားပြီး Perth မှာကုတင်ဆီသို့ပင်မလှမ်းရသေး အခန်းထဲသို့ Pond ကဝင်လာပြန်သည်။

"မင်းက ဘာလာလုပ်ပြန်တာလဲ ငါနေမကောင်းဘူးနော် နားလာမပူနဲ့"

"အော် မင်းကအခုတော့ မင်းကောင်မလေး ကျွေးတာတွေစားပြီး အားတွေရှိနေတယ်ပေါ့"

"မင်းနဲ့မဆိုင်ရင် အပေါက်ကိုပိတ်ထား"

Pond မှာ ပါးစပ်ကိုလက်လေးနဲ့လှမ်းအုပ်မိသွားသည်။

Be My Boyfriend(Completed)Where stories live. Discover now