Part 8

2K 189 35
                                    

Unicode

လွန်ခဲ့သော ၃ နှစ်ခန့်က စိန့်ပတ်ထီကွန် အထက်တန်းကျောင်းတစ်ခုတွင် သတင်းတစ်ခုက ကျောင်းသားတွေကြား ရေပန်းစားလျက်ရှိသည်။

"ဟဲ့ ဒီနေ့ငါတို့အတန်းကို ကျောင်းသားသစ်တစ်ယောက်ပြောင်းလာမယ်တဲ့နော်"

ကောင်မလေးတစ်ယောက်၏ စိတ်အားထက်သန်စွာပြောဆိုမှုကို တစ်ခြားတစ်ယောက်ကပါ မျက်လုံးလေးပြူးရင်း စိတ်ဝင်စားဟန်ပြလာသည်။

"ဟုတ်လား ဘယ်သူတဲ့လဲ"

"Ohm Pawat လေ သူကအရမ်းချောတာ သိလား! ပြီးတော့ သူတို့အိမ်က Entertainment ထောင်ထားတာလေ သူကိုယ်တိုင်ကလဲ series တစ်ခုအတွက် ဝင်အရွေးခံထားတာ အားး အရမ်းမိုက်တာပဲ"

"ဟယ် တကယ်.. အဲ့လိုလူက ငါတို့အတန်းထဲပြောင်းလာမှာပေါ့ မိုက်တယ် အတန်းလဲဂုဏ်တက် ငါတို့လဲငမ်းရတယ် ဟီးဟီး"

*ဒုန်း*

စာအုပ်ကို စားပွဲပေါ်ဆောင့်ချလိုက်သည့် အသံကြောင့် ကောင်မလေးတွေတိတ်သွားတော့သည်။တရားခံမှာတစ်ခြားသူမဟုတ်၊ အတန်းထဲက စာကြမ်းပိုးလို့ နာမည်ပြောင်ဝိုင်းပေးထားကြသည့် Nanon ပင်ဖြစ်သည်။မျက်မှန်ခပ်ဝိုင်းဝိုင်းကြီးက မျက်နှာပေါ်တွင်နေရာယူထားကာ အုံးမှုတ်ခွက်ကေနဲ့ ထိုကောင်လေးက ဘေးနားတွတ်လာထိုးနေကြသူတွေကို စိတ်သိပ်ရှည်တော့ပုံမပေါ်။

Nanon တစ်ယောက် နှာတံပေါ်သို့လျှောကျနေသည့် မျက်မှန်ဝိုင်းကိုပင့်တင်ရင်း ကောင်မလေးတွေကို မျက်မှောင်ကျုံ့ကြည့်ကာ..

"နင်တို့ တစ်ခြားမှာသွားပြောပါလား ဘေးနားလာပြီးဆူညံနေတာ ငါစာကြည့်လို့မရဘူး"

"စာကြမ်းပိုးရယ် နင်အဲ့လောက်စာတွေလုပ်နေတာ ဘယ်ကျောင်းထိများမှန်းထားလို့လဲ ဟင်"

Nanon တစ်ယောက်ပြန်ဖြေမလို့အပြင် အခန်းဝကနေထွက်လာသည့် လူတစ်ယောက်အသံကြောင့် ထိုတစ်ယောက်ဆီအကြည့်ရောက်သွားတော့သည်။

"Saint! မင်းကြိုက်တဲ့ မုန့်တွေ.."

ထိုလူသွားရာတစ်လျှောက် Nanon လိုက်ကြည့်သည်။ဒီအခန်းထဲမှာ Saint ကိုလာတွေ့နေကျသူတစ်ယောက်ပဲရှိသည်။အဲ့ဒါ Perth Tanapon။

Be My Boyfriend(Completed)Where stories live. Discover now