Part 2

2.2K 176 26
                                    

Unicode

ကျောင်းရဲ့ Canteen ဝိုင်းမှာထိုင်နေကြသော သူငယ်ချင်းအုပ်စုမှာ အချိန်ကြာလာတာနဲ့အမျှ ခွေခေါက်လာကြသည်။သူတို့ထိုင်နေကြသည်မှာ နှစ်နာရီကျော်နေပြီဖြစ်သည်။ကျောင်းဝင်းထဲတွင်လဲ အတန်းရှိရာသို့ ကိုယ်စီ ကိုယ်စီထွက်ခွာသွားကြသော ကျောင်းသားများကြောင့် ကျောင်းပရဝုဏ်က တစတစလူပါးလာလေသည်။

"ဟိတ်ကောင်တွေ စကားပြောနေတာရပ်တော့ ငါဗိုက်ဆာနေပြီ မုန့်စားဖို့သွားမှာမယ်လေ"

Ping ရဲ့ညည်းညည်းညူညူပြောသံကြောင့် Pond ကပတ်ဝန်းကျင်ကိုတစ်ချက်လှည့်ပတ်ကြည့်သည်။

"နေဦးကွ ChaAim နဲ့ Bow ကိုစောင့်ပါဦး သူတို့လာမှ တူတူစားမယ်" 

"အော် အေး အေးပါကွာ"

ကိုယ့်ဗိုက်နဲ့ကိုယ်ဆာတာတောင် အတွဲတွေစုံမှ စားရမည့်အဖြစ်ကြောင့် နည်းနည်းတောင် အောင့်သက်သက်ဖြစ်ချင်သွား၏။

မင်းတို့အတွဲတွေ အကုန် မိုးမေလင်းလိုက် !!!

"ဟဲ့ !!"

"မိုးမေလင်း!!"

"ဘာ!!"

ဘယ်အချိန်ထဲက နောက်မှာရောက်လာမှန်းမသိသည့် Bow ကအနားကပ်အော်လိုက်တာကြောင့်  Ping စိတ်ထဲကြိတ်ကျိန်ဆဲနေတာတောင် လွှတ်ခနဲထွက်သွားမိသည်။

"နင်ငါ့ကိုဆဲတယ် အမလေး မိန်းကလေးထုကြီးသာ သူတို့ရဲ့ ချိုသာယဥ်ကျေး ရွှေရင်အေးလေးက ဆဲနေတယ်ဆိုတာကြားရင် နင်တော့သွားပြီ ဟားဟား"

"Bow! တိုးတိုးပြောစမ်း မိန်းကလေးဖြစ်ပြီး အာကလဲပြဲလိုက်တာ လွန်ရော.. နင်တို့ဘာလို့အဲ့လောက်နောက်ကျနေတာလဲ"

Bow ကဘေးတွင်ဝင်ထိုင်ကာသူ့လွယ်အိတ်ထဲက မိတ်ကပ်ဘူးကိုထုတ်၍ မှန်ကြည့်နေရင်းမှ ChaAim ကိုလှမ်းမေးဆတ်ပြသည်။

"အဲ့မမပေါ့ ပြင်နေတာမပြီးတော့ဘူးလေ"

"ဟီး Aim အိပ်ရာထနောက်ကျသွားလို့ပါ ဗိုက်ဆာနေကြပြီလား မှာမယ်လေ"

Aim ကိုတစ်ချိန်လုံးမေးထောက်ကာ ပြုံးပြုံးကြီးကြည့်နေသည့် Pond က Aim စားဖို့မှာမယ်လဲဆိုရော ချက်ချင်းကို သူ့ကောင်မလေးခါးအားပြေးဖက်ကာ အမှတ်ယူတော့သည်။

Be My Boyfriend(Completed)Où les histoires vivent. Découvrez maintenant