Part 6

1.8K 190 29
                                    

Unicode

*ဒုန်း*

"ဟိတ်ကောင် စောစောစီးစီး ပစ္စည်းကိုဖြည်းဖြည်းချ နံရံတွေကပါးပါတယ်ဆို သူများတွေနိုးကုန်မယ်"

"၉ နာရီထိုးနေပြီ ဘာကိုစောတာလဲ တစ်ဆောင်လုံးကျောင်းသွားဖို့လုပ်နေရမယ့်ဟာ"

ဘေးအခန်းက ဆူညံသံတွေကြောင့် Saint နိုးလာရတော့သည်။ဝေဝါးနေသေးတဲ့ မျက်လုံးတွေကိုပွတ်ရင်း Perth ကုတင်ပေါ်ကြည့်တော့ သပ်သပ်ရပ်ရပ်ခင်းကျင်းထားသည့် ကုတင်လွတ်တစ်လုံးသာတွေ့ရသည်။

*တောင်*

အတွေးများနေတုန်း ဖုန်းထဲမှစာဝင်လာသံက တိတ်ဆိတ်နေသည့်အခန်းထဲ ကျယ်လောင်စွာထွက်ပေါ်လာသည်။Saint ယူကာကြည့်တော့ Perth ဆီကစာ။

P - Saint ငါဒီနေ့မင်းနဲ့ မသွားနိုင်တော့ဘူး သွားခေါ်စရာလူရှိလို့ မင်းတို့နဲ့ Canteen မှာပဲဆုံမယ်နော် ငါ့ကိုCanteen မှာစောင့်နေပေး မိတ်ဆက်ပေးစရာလူရှိလို့

မိတ်ဆက်ပေးစရာလူ.. Perth ဧည့်သည်လား ဘယ်သူလဲဟ

Saint ခေါင်းကုပ်ကာ ဖုန်းချရင်း ရေချိုးအဝတ်အစားလဲတော့သည်။ဒီနေ့မှပဲ ဟိုအတွဲက မစောင့်ပဲ အစောကြီးထွက်သွားတာကြောင့် Canteen ဆီသို့ Saint နောက်မှလိုက်ရတော့သည်။ကျောင်းထဲသို့ဝင်လာပြီး canteen ဘက်သို့ခြေလှမ်းစဥ်မှာတင် တွေ့ပါပြီ ထိပ်ဆုံးဝိုင်းမှာ အဖွဲ့လိုက်။

"Saint!"

Plan ကလက်ပြလာတော့ Saint ပြုံးပြပြီး ဝင်ထိုင်လိုက်သည်။

"Saint မင်းတစ်ယောက်တည်းလား Perth ကော"

"Perth ကသူလူတစ်ယောက်သွားခေါ်ရမှာမို့လို့တဲ့ ဒီမှာစောင့်နေပါ မိတ်ဆက်ပေးမယ်တဲ့"

"ဘယ်သူများလဲ"

Pond ရဲ့ တွေးဆဆ အသံကထွက်လာပြီးနောက် တစ်ဝိုင်းလုံးငြိမ်သွားတော့သည်။

"ဘာမှစဥ်းစားမနေနဲ့ ဟိုမှာ လာနေပြီ"

Mean က Saint နောက်ကိုလက်ညိုးထိုးနေတာကြောင့် တစ်ဝိုင်းလုံးပါ အကြည့်ရောက်သွားလေသည်။

"ဟင်"

Saint မြင်လိုက်ရသောမြင်ကွင်းမှာ Perth တစ်ယောက်ကောင်မလေးတစ်ယောက်၏လက်ကိုဆွဲကာ သူတို့ဝိုင်းဆီလာနေသည့်မြင်ကွင်းဖြစ်သည်။ဒီကောင်မလေးကဘယ်သူများလဲ။

Be My Boyfriend(Completed)Where stories live. Discover now